Part 12

3.3K 308 5
                                    

(Zawgyi)

ဟိုဆော့ရဲ့ ကားလေးက ယွန်းဂီနေတဲ့ကွန်ဒိုတိုက်ခန်းရဲ့ ကားပါကင်မှာရပ်တန့်လို့နေတယ်...။ ကားပေါ်ကဟိုဆော့ကတော့ ခုထိအောက်မဆင်းသေးဘဲ စတီယာတိုင်ကိုဆုပ်ကိုင်ကာ တစ်ခုခုကိုအလေးအနက်စဉ်းစားနေသည်မှာ အချိန်အတော်ကြာလို့နေလေပြီ...။

ယွန်းဂီရဲ့ ကွန်ဒိုတိုက်ခန်းဆီကို သူအခုမှရောက်ဖူးတာတော့ မဟုတ်ပါ...။ ရံဖန်ရံခါယွန်းဂီနဲ့ အတူလိုက်သွားပြီး သူ့အိပ်ယာပေါ်မှာအချိန်ဖြုန်းခဲ့ဖူးတာပဲ...။ သူ့အတွက်စိမ်းသက်မနေတဲ့ ထိုနေရာကို ဒီတစ်ခေါက်လာရတာ ရည်ရွယ်ချက်ချင်းမတူသလိုပါပဲ...။

၂ယောက်လုံးအလုပ်အရမ်းရှုပ်နေတာမို့ ယွန်းဂီနဲ့ အိပ်ယာပေါ်က ချစ်ဇာတ်လမ်းတွေ မဖြစ်ကြတော့တာလည်း အချိန်ကာလတစ်ခုတောင် ကြာခဲ့လေပြီ...။ အတူနေတဲ့အချိန်ကလွဲပြီး တခြားသောအကြောင်းပြချက်နဲ့လည်း တကူးတကမလာဖူးသူမို့ သူ့အခန်းဆီကိုတက်သွားဖို့အရေး ချိတုံချတုံနဲ့ပင်...။

အထူးသဖြင့် သူဒီနေ့လာတာ ယွန်းဂီကိုတွေ့ချင်ရုံသပ်သပ်တော့ မဟုတ်ခဲ့ပါ...။ ဘယ်လိုပင်မာနတင်းခံထားပါစေ မနေနိုင်တဲ့စိတ်က ထယ်ယောင်းကိုတွေ့ရလိမ့်နိုးနဲ့ ယွန်းဂီရဲ့တိုက်ခန်းအထိ လိုက်လာမိတာလို့ပြောရင် လှောင်ပြောင်ရယ်မောကြလေမလား...။ ကိုယ့်တစ်ယောက်ကိုပဲချစ်တာလို့ ပြောဖူးတဲ့ထယ်ယောင်းဟာ ချက်ချင်းကြီးရည်းစားရသွားတဲ့အတွက် ကိုယ့်ကိုတမင်သပ်သပ်ကျောသွားသလို ခံစားရတယ်...။ ထို့ကြောင့်ထယ်ယောင်းကို စိတ်နာမိသော်လည်း သွေးအေးလာသောအခါမှာ သတိရလွမ်းဆွတ်စိတ်က ပြန်ပေါ်လာတယ်...။ တအိမ်တည်းမှာအတူနေလာတာ တော်တော်လေးလည်းကြာခဲ့တာကိုး...။ အရင်ဇာတ်လမ်းဖြစ်ဖူးသူတွေကို ဘယ်တုန်းကမှ လွမ်းဆွတ်တမ်းတလေ့မရှိပေမယ့် ထယ်ယောင်းကတော့ချွင်းချက်ပင်...။

စိတ်ရှုပ်ထွေးမှုကြောင့် စီးကရက်တစ်လိပ်ကိုထုတ်ကာ သောက်ဖို့ပြင်လိုက်ပေမယ့် ဓာတ်လှေကားကနေတဆင့် ကားပါကင်ကိုဆင်းလာတဲ့ လူရိပ်လေးကြောင့် နှုတ်ခမ်းမှာခဲထားတဲ့စီးကရက်က ပြုတ်ကျလို့သွားလေတယ်...။

Silent (Completed) Where stories live. Discover now