Part 5

4.3K 414 41
                                    

"ကျွန်တော့်ရဲ့ ဖြစ်တည်မှုက ဦးအတွက်တော့
ဘယ်လိုသက်ရောက်လဲဆိုတာ သိချင်မိတယ်"
Kim Taehyung


ပုံမှန်အတိုင်းမနက်စာပြင်နေပေမယ့် ထယ်ယောင်းရဲ့ စိတ်တွေက အရင်လိုတက်ကြွမနေပါ...။ လူနဲ့စိတ်ကလည်း သိပ်မကပ်ချင်ပေ...။ အာရုံထဲမှာ ဦးနဲ့တခြားမိန်းမတွေ ပျော်ပါးနေတဲ့ပုံတွေကိုပဲ ပြန်မြင်ယောင်နေမိတယ်...။ ဦးက ခုရက်ပိုင်းဆို အိမ်ပြန်လာတိုင်း ရက်ခြားဆိုသလို မိန်းမတစ်ယောက်မဟုတ်တစ်ယောက် ပါလာတတ်တယ်...။ တညလုံးပျော်ပါးပြီးရင် မနက်ကျမှထိုမိန်းမက ပြန်သွားတတ်တယ်လေ...။

ဟုတ်တယ်... ထယ်ယောင်းကိုယ့်ကိုကိုယ် အထင်ကြီးခဲ့မိတယ်...။ ဦးက ကိုယ့်ကိုသဘောကျတာကြောင့် သူ့နားမှာခေါ်ထားတာလို့လည်း ထင်မှတ်မှားမိတယ်....။ တကယ်တမ်းတော့ ကိုယ့်အခြေအနေနဲ့ အဆင့်အတန်းကို ထယ်ယောင်းမေ့နေခဲ့မိတယ်...။ ဦးလို တအားချမ်းသာတဲ့လူတစ်ယောက်က ထယ်ယောင်းလို ဘာမှမရှိတဲ့လူတစ်ယောက်ကို အတည်တကျတွဲမှာတဲ့လား....။ နည်းနည်းလေး လိုက်လျောပေးလိုက်တာနဲ့ပဲ ထယ်ယောင်းတစ်ယောက် ဘဝမေ့သွားတာပဲ...။

အမြင်အာရုံတွေဝေဝါးလာတာကြောင့် မျက်ရည်တွေကိုလက်ခုံနဲ့ပင့်သုတ်လိုက်ရင်း လုပ်လက်စအလုပ်တွေကိုသာ ဆက်လုပ်နေလိုက်တယ်...။ အနည်းဆုံးတော့ ဦးက ထယ်ယောင်းပြင်ပေးတဲ့မနက်စာကို စားသေးတာပဲ...။ ပြီးတော့ ထိုမနက်စာကို ဦးနဲ့တညလုံးအတူရှိနေတဲ့ အပျော်မယ်တို့ စားခွင့်မရှိဘူးလေ...။

ကိုယ့်ဘာသာကိုယ်ပဲ အကောင်းဆုံးဖြေသိမ့်တွေးရင်း ဦးအတွက် အရသာအရှိဆုံးမနက်စာကို လုပ်ပေးလိုက်တယ်...။ စိတ်ရှုပ်စရာတွေကို ခေါင်းထဲကထုတ်လိုက်လို့ထင်တယ် ခဏလေးနဲ့ပင် စိတ်ပြန်ကြည်လင်လို့လာခဲ့တယ်...။ ပန်းကန်လေးတွေကို စားပွဲမှာချနေတုန်းရှိသေးတယ် ထမင်းစားခန်းရှေ့မှာ လူရိပ်ကိုမြင်လိုက်တာကြောင့် ထယ်ယောင်းမော့ကြည့်မိတယ်...။

မိန်းမတစ်ယောက်...။
ရှင်းရှင်းပြောရရင် တညလုံး ဦးနဲ့အတူရှိနေတဲ့မိန်းမ...။

Silent (Completed) Where stories live. Discover now