Part 10

3.8K 337 8
                                    

(Zawgyi)

အကျင့်ဖြစ်နေတဲ့မျက်လုံးတွေက မနက်၆နာရီထိုးတာနဲ့ အလိုလိုပွင့်လို့လာခဲ့တယ်...။ အရင်ဆုံးမြင်တွေ့လိုက်ရတဲ့ မျက်နှာနုနုလေးကြောင့် ဟိုဆော့ပြုံးလိုက်မိတယ်...။

သူ့မျက်စိရှေ့တည့်တည့်မှာ သိပ်လှတဲ့နတ်သားလေးတစ်ပါး အိပ်မောကျနေတာပဲ...။ မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီကိုက အပြစ်ပြောစရာမရှိအောင် လှလွန်းနေတာ မလွန်လွန်းဘူးလား...။ ကိုယ်ဘာစိတ်ကူးနဲ့များ သူ့ကိုမော်ဒယ်လ်လုပ်ခွင့် ပေးလိုက်မိသလဲဆိုတာကို ဟိုဆော့ပြန်စဉ်းစားရတော့မယ်ထင်တယ်...။

နတ်သားငယ်လေးကို အချိန်အတန်ကြာ ငေးကြည့်နေရာမှ မနေနိုင်တော့ပဲ သူ့နှုတ်ခမ်းလေးကို အသာနမ်းရှိုက်လိုက်တော့ အအိပ်ဆတ်တဲ့သူလေးက လူးလွန့်လို့နိုးသွားခဲ့တယ်...။

"ဆောရီး..ကိုယ့်ကြောင့်အိပ်ရေးပျက်သွားရပြီ..
မင်းကအရမ်းလှနေလို့ နမ်းလိုက်မိတာပါကွာ"

သူ့စကားကြောင့် စိတ်ထားကောင်းတဲ့ကလေးငယ်က ခပ်ဖွဖွလေးပြုံးရင်း ခေါင်းခါပြတယ်...။ နိုးသွားတဲ့အတူတူ သူ့ခေါင်းလေးကိုအသာမကာ ကိုယ့်လက်မောင်းပေါ်အိပ်စေပြီး ကိုယ်လုံးလေးကိုပါ အနားပိုကပ်အောင်ဆွဲယူလိုက်တယ်...။

"ဘာလို့တအားချစ်ဖို့ကောင်းနေရတာလဲ.. ဟမ်..??"

နှာတံချွန်ချွန်လေးကို လက်နဲ့အသာဆွဲညှစ်ရင်းပြောလိုက်တော့ အကောင်ပေါက်လေးက ရယ်ပြလာတယ်...။ ဟာ... သူ့ကိုတအားချစ်မိနေပြီထင်တယ်...။ ဘယ်လိုလုပ်ရပါ့မလဲ...။ ချစ်လွန်းလို့အာခံတွင်းထဲထည့်ပြီး ငုံထားလိုက်ချင်တယ်...။

"ထတော့မလား...??"

သူ့အမေးကြောင့် ကလေးငယ်က ခေါင်းလေးညိတ်ပြရင်း ထထိုင်ဖို့လုပ်တော့ ဆွဲတားထားလိုက်တယ်...။
အူကြောင်ကြောင်လေးနဲ့ ပြန်ကြည့်လာတဲ့ကလေးငယ်ကို ဟိုဆော့ဆွေ့ခနဲပွေ့ယူလိုက်တယ်...။ ကလေးငယ်ကတော့ အလန့်တကြားပုံစံလေးနဲ့ ဟိုဆော့ရဲ့လည်ပင်းကို သိုင်းဖက်လို့လာလေရဲ့...။ ပါးလေး၂ဖက်ကလည်း စတော်ဘယ်ရီခင်းလေးလို ရဲနေတာပဲ...။ အင်းပေါ့လေ.. အဝတ်မကပ်တဲ့ကိုယ်လေးအတိုင်း ပွေ့ချီခေါ်ခဲ့တာကိုး...။

Silent (Completed) Where stories live. Discover now