Part 3

4.9K 429 19
                                    

(Zawgyi)

ခုထိရင်တုန်မပြယ်သေးတာကြောင့် လက်၂ဖက်ကိုသာ အချင်းချင်းဆုပ်ကိုင်ထားရင်း အခန်းထဲမှာထိုင်စကားပြောနေကြတဲ့သူတွေကို ထယ်ယောင်းမော့မကြည့်ရဲပေ...။

"Mr. Jung တကယ်ပဲဒီကောင်လေးကို လိုချင်တာလား...?? သူက အအ,တစ်ယောက်ဖြစ်နေတာတောင်မှလေ"

"ဘာ...!!! ဘာပြောတယ်...?? သူက..."

အခုမှသိတာကြောင့် အထိတ်တလန့်ရေရွတ်လိုက်တဲ့ ဟိုဆော့ကို ထယ်ယောင်းမဝံ့မရဲနဲ့မော့ကြည့်မိတယ်...။ ကိုယ့်ရဲ့ ပထမဆုံးကို ယူသွားတဲ့သူဖြစ်ပေမယ့်လည်း သူ့ကိုပြန်တွေ့တွေ့ချင်းမှာ အားကိုးတကြီးဖက်တွယ်မိတဲ့ ကိုယ့်ကိုကိုယ်လည်း ထယ်ယောင်းအံ့ဩမိတယ်...။ ဒါပေမယ့်သေချာတာကတော့ ကိုလူချောသည် ဟိုအဖွဲ့ကလူကြီးတွေလို ကြောက်စရာမကောင်းတာပါပဲ...။

"ဟုတ်တယ် Mr. Jung.. ကင်မ်ထယ်ယောင်းက စကားမပြောတတ်ဘူး... တကယ်တော့ တောက်တိုမယ်ရနဲ့ သန့်ရှင်းရေးအလုပ်ကလွဲပြီး ဘာမှသုံးစားမရတဲ့ကောင်ပါ"

သူတို့အလုပ်တွေသိမ်းကျုံးခိုင်းတုန်းကတော့ အကောင်းပါပဲ...။ ခုကျမှထယ်ယောင်းက သုံးစားမရတဲ့ကောင်တဲ့လား...။ ထယ်ယောင်းကြောက်နေမိတယ်...။ တကယ်လို့သာ ကိုလူချောက ထယ်ယောင်းကိုမလိုချင်ဘူးဆိုရင် ကလပ်ကလူတွေက
အရင်ကထက်ပိုပြီး အညှိုးထားကြတော့မှာ...။ သူတို့ခိုင်းတာကိုတာဝန်မကြေတဲ့အပြင် ဧည့်သည်ကိုခေါင်းရိုက်ခွဲမှုကြောင့် ထောင်ထဲလည်းပို့ပစ်လောက်တယ်...။

"သူကအိပ်ယာပေါ်မှာတော့ ခံစားလို့ကောင်းပါတယ်"

ကိုလူချောဆီကနေ မထင်မှတ်ထားတဲ့စကားကြောင့် ထယ်ယောင်းတအံ့တဩနဲ့ မော့ကြည့်မိတယ်...။ ရှက်ရွံ့မှုကြောင့် ထယ်ယောင်းရဲ့ ပါးလေးတွေလည်း ရဲတွတ်လာခဲ့တယ်...။

"သူက...?? မဖြစ်နိုင်တာ... ခုတောင်မှကလန်ကဆန်နဲ့ ဧည့်သည်ကိုပြန်ရိုက်တာလေ"

"အဟက်.. သူကကိုယ်နဲ့အိပ်ဖူးတယ်လေ... ကြည့်ရတာ ကိုယ်ကလွဲပြီးတခြားသူကို သူလက်မခံနိုင်တာနေမှာ... ဟုတ်တယ်မလား"

Silent (Completed) Where stories live. Discover now