Part 19

5.3K 316 13
                                    

(Zawgyi)

⚠ Warning ⚠
This part contains
rough sexual sense.
Plz read it with your own risk.

ဦးလေးဖြစ်သူရဲ့ရှေ့မှာ ဒူးထောက်ကာထိုင်နေကြတဲ့ ထယ်ယောင်းနဲ့ဟိုဆော့...။ ဦးလေးရဲ့ မျက်နှာပေါ်မှာတော့ အငြိုးအတေးတွေအစား ကြည်နူးခြင်းတို့သာ ပြည့်လို့နေတယ်..။ အခုဆိုရင် သူ့ရဲ့ တစ်ဦးတည်းသောတူလေး ထယ်ယောင်းဟာ စကားပြောတတ်သွားခဲ့ပြီလေ...။

"ဦးလေးအနေနဲ့ကတော့ ဘာမှငြင်းစရာမရှိပါဘူး... အဓိက,က ယောင်းလေး စိတ်ချမ်းသာဖို့ပဲလေ.. သူသာပျော်ရွှင်မယ်ဆိုရင် ဘာမှမလိုပါဘူး.. ဦးလေးက
အသက်ကြီးပြီလေ"

"ကျွန်တော်တို့က ဦးလေးကို မိဘနေရာမှာထားပြီး ပြုစုစောင့်ရှောက်ပေးမှာပါ.. ဦးလေးရဲ့ အဖိုးတန်တူလေးကို စိတ်ချလက်ချကျွန်တော့်လက်ထဲ အပ်တာနဲ့တင် ကျေးဇူးတင်ပါတယ်"

ဟိုဆော့ရဲ့အပြောကြောင့် ထယ်ယောင်းပြုံးနေရင်းနဲ့ သူ့ကိုငဲ့စောင်းကြည့်မိတယ်...။ တစ်ချိန်က ကိုယ်တိတ်တခိုးစွဲလမ်းခဲ့ရသူက မကြာခင်မှာကိုယ့်ရဲ့ ခင်ပွန်းလောင်းဖြစ်လာတော့မှာမို့ မပျော်ပဲနေမတဲ့လား...။ ကိုယ့်အဖေကိုသတ်တဲ့သူရယ်လို့လည်း တွေးမနေချင်တော့ပါ....။ ဒါဟာကံတရားရဲ့ စီမံခြင်းပဲဖြစ်မှာပါ...။ တမလွန်ကအဖေလည်း ခွင့်လွှတ်ပေးနိုင်မယ်လို့ ထင်ပါတယ်...။

"ကျွန်တော်ဦးလေးအတွက် တိုက်ခန်းတစ်ခန်းဝယ်ထားပြီးပါပြီ.. ဒီအိမ်လေးကို ရောင်းချင်လည်းရောင်း.. မရောင်းလည်းအမှတ်တရအနေနဲ့ ထားထားပေါ့"

ထိုအခါဦးလေးက ထယ်ယောင်းကို တစ်ချက်လှမ်းကြည့်ပြီး အကြံဉာဏ်တောင်းလိုက်တယ်...။ ပြောရရင် ဒီအိမ်လေးဟာ ထယ်ယောင်းမိဘတွေရဲ့ အိမ်လေးလေ...။ ထယ်ယောင်းရဲ့ ပိုင်ဆိုင်မှုဆိုလည်း မမှားပါဘူး...။

"ကျွန်တော်ကတော့ ရောင်းလိုက်မလားလို့... အဲဒီကရတဲ့ငွေနဲ့ အဖေနဲ့အမေတို့အတွက် အလှူအတန်းလေး လုပ်ပေးချင်တယ်"

"အင်းပါ... ယောင်းလေးက အဲလိုဆန္ဒရှိမှတော့ အဲ့အတိုင်းသာစီစဉ်ကြတာပေါ့... ဒီတလျှောက်လုံးလည်း သူတို့အတွက် အလှူအတန်းကြီးကြီးမားမား မလုပ်ပေးနိုင်ခဲ့ဘူးလေ"

Silent (Completed) Where stories live. Discover now