Part 9

4K 349 1
                                    

(Zawgyi)

ဒီတစ်နေ့အလုပ်နားတာကြောင့် အိမ်မှာပဲအေးဆေးနားမယ်လို့ စိတ်ကူးထားတာ သူ့ရှေ့ကမနာလိုဖြစ်ချင်စရာမြင်ကွင်းကို ကြည့်ဖို့သက်သက်တော့ မဟုတ်ခဲ့ပါ...။

အိမ်ကိုလာလည်တဲ့ယွန်းဂီက ဒီတစ်ခါမှာတော့ ဂျောင်ကုကိုပါခေါ်လာခဲ့တယ်လေ...။ ပြီးတော့၂ယောက်သားက အိမ်ရှင်ဖြစ်တဲ့ဟိုဆော့ကိုပစ်ထားပြီး ထယ်ယောင်းနဲ့သာ စကားပြောနေကြတယ်...။ ထယ်ယောင်းကလည်း သူစကားပြောဖော်ရတာကြောင့် အရမ်းပျော်နေပုံပင်...။

အစပိုင်းမှာတော့ ထယ်ယောင်းက sign language သုံးပြီး ယွန်းဂီနဲ့ဂျောင်ကုက စကားပြန်ပြောနေကြတာကြောင့် သူတို့ဘာပြောလဲဆိုတာကို ဟိုဆော့ခန့်မှန်းမိတယ်...။ ဒါကြောင့်လည်း သတင်းစာဖတ်နေသလိုလိုနဲ့ အသာလေးနားစွင့်နေမိတယ်...။

အခုကျတော့ ဟို၂ယောက်ကလည်း ဘာစိတ်ကူးပြောင်းသွားလဲမသိ သူတို့ပါ sign language တွေသုံးလာတာကြောင့် ဘာတွေပြောနေကြမှန်း ဟိုဆော့မသိရတော့ပါ...။ အိမ်ကြီးကလည်း ခုကျမှတိတ်ဆိတ်နေသလိုပင်...။ စိတ်အလိုမကျမှုကြောင့် ဟိုဆော့ရဲ့မျက်နှာက ပုံမှန်ထက်ပိုတည်တင်းလာပြန်တယ်...။

"ဘာတွေများအရေးကြီးတာပြောနေလို့ လူသိမခံချင်ရတာလဲ... ပြောကြပါဦး...??"

မနေနိုင်တဲ့အဆုံး ပေါ်တင်ထုတ်ပေးလိုက်တော့ ၃ယောက်သားက အူတိအူကြောင်လေးနဲ့ လှည့်ကြည့်လာကြတယ်...။ ပြီးတော့မှ သူတို့၃ယောက်ထဲက ခေါင်းဆောင်ဖြစ်တဲ့ယွန်းဂီက ပြန်ဖြေရှင်းလာတယ်...။

"လူသိမခံချင်တာ...?? မရှိပါဘူး... ဒီတိုင်းပုံမှန်ပဲပြောနေတာပါ... Darling ကသာ နားမလည်လို့ အထူးအဆန်းဖြစ်နေတာမလား"

ယွန်းဂီရဲ့ စကားကလည်း မှန်နေတာကြောင့် ဟိုဆော့ဘာမှပြန်မပြောနိုင်ပေ...။ ဟုတ်တော့လည်းဟုတ်တယ်...။ ဒီအိမ်မှာ sign language မသုံးတတ်တာ ဟိုဆော့တစ်ယောက်သာ ကျန်တော့တာလေ...။

"အဟမ်း... ငါကမလိုအပ်လို့ မသင်တာလေ"

"ယောင်းငယ်လေးနဲ့ပိုရင်းနှီးချင်ရင်တော့ sign language တတ်ဖို့ လိုအပ်တယ်လေ"

ယွန်းဂီရဲ့ စကားကြောင့် ဟိုဆော့မျက်မှောင်ကျုံ့လိုက်မိတယ်...။  ထယ်ယောင်းအနားကို မကပ်စေချင်တာလဲသူပဲ...။ အခု sign language သင်ပြီး ထယ်ယောင်းနဲ့ရင်းနှီးစေချင်တာလဲသူပဲ...။ ဒါက ဘာသဘောလဲ...?? တမင်သက်သက် ကိုယ့်စိတ်ကို စမ်းသပ်နေတာများလား...??

Silent (Completed) Where stories live. Discover now