Part 18

3.7K 345 25
                                    

(Zawgyi)

အိပ်ယာကနေ နောက်ကျမှာနိုးလာပေမယ့် ထယ်ယောင်းတစ်ယောက် နုံးချိချိနှင့်နေလို့သိပ်မကောင်းပေ...။ စိတ်ပင်ပန်းခြင်းကြောင့် ဘာမှလည်းလုပ်ချင်ကိုင်ချင်စိတ်မရှိ...။

မျက်နှာသစ်ဖို့ပြင်ရင်း ဘေစင်ကမှန်ကို ကြည့်လိုက်မိတော့ ညကငိုရင်းအိပ်ပျော်သွားတဲ့ အကျိုးဆက်ကြောင့် မျက်လုံးကမို့အစ်နေတယ်...။ စိတ်ဆင်းရဲမှုတွေဟာ ဟိုတနေ့က အဖြစ်မှန်တွေကို ဦးဝန်ခံခဲ့ကတည်းက စခဲ့တယ်...။

အဲဒါကြောင့် တချို့ကပြောကြတယ်...။ တစ်ခါတစ်လေမှာ အလိမ်ခံထားရတာက ပိုပြီးအဆင်ပြေတယ်တဲ့လေ...။ ခါးသီးလွန်းတဲ့အမှန်တရားကြောင့် ထယ်ယောင်းအရင်လို ပျော်ပျော်ရွှင်ရွှင်မနေနိုင်တော့ပါ...။ စိတ်ကူးထားခဲ့တဲ့ အတွေးအိပ်မက်တွေဟာလည်း အကုန်ပျက်စီးပြိုလဲခဲ့လေပြီ....။ ခုချိန်မှာ သူဘာဆက်လုပ်ရမှန်းမသိနိုင်တော့ပါ...။

ဝမ်းနည်းစိတ်ကိုဖြေဖျောက်ပြီး အခန်းထဲကနေထွက်လာတော့ ဦးလေးက မီးဖိုခန်းထဲမှာ မနက်စာပြင်နေလေရဲ့...။ ဂျိုင်းထောက်ကြီးတစ်ဖက်နဲ့မို့ အဆင်မပြေဖြစ်နေတာတွေ့ရတော့ သူအမြန်လေးပြေးကူမိတယ်...။

"ရတယ် ရတယ် ယောင်းလေးရယ်.. ကိုယ့်ဘာသာကိုယ် နေသာသလိုနေပါ"

ဦးလေးကတော့ သူ့ကိုအတင်းဖယ်ထုတ်ကာ ခုံမှာပဲထိုင်နေစေတယ်...။ တကယ်ဆို အိမ်ရဲ့ ဝေယျာဝစ္စက သူလုပ်ပေးသင့်တာလေ...။ ခြေတစ်ဖက်မကောင်းတဲ့ ဦးလေးဖြစ်သူက သူစိတ်ဆင်းရဲနေတာကိုမကြည့်ရက်ပဲ အစစအရရာလိုက်လုပ်ပေးနေတာ ဘယ်အဆင်ပြေပါ့မလဲ...။ သူအတင်းဝင်ကူတော့မှ ဦးလေးလည်း လက်လျှော့လိုက်ဟန်နဲ့ ခုံမှာပြန်ထိုင်လိုက်တယ်...။

"ဒီအလုပ်တွေက ဦးလေးအတွက်မခက်တော့ပါဘူး.. ယောင်းလေး အိမ်မှာမရှိတုန်းကလည်း ဦးလေးဘာသာလုပ်တာပဲလေ"

ထိုစကားဟာ သာမန်မျှဖြစ်ပေမယ့် ထယ်ယောင်းအတွက်တော့ စိတ်မကောင်းဖြစ်သွားစေတယ်...။ ဦးလေးဖြစ်သူက တစ်ယောက်တည်း ပင်ပင်ပန်းပန်းနေရချိန်မှာ သူကတော့ငွေပုံပေါ်ထိုင်ပြီး ကိုယ့်အဖေကိုသတ်ခဲ့သူရဲ့ရင်ခွင်ထဲမှာ ပျော်နေခဲ့သည်လေ...။

Silent (Completed) Where stories live. Discover now