Part - 20 (Final)

6.8K 371 88
                                    

(Zawgyi)

Model V ကို Gucci ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခြင်းဆိုတဲ့ သတင်းနဲ့ ရှေ့ဆင့်နောက်ဆင့်တက်လာတဲ့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Model V ဝတ်ဆင်ထားတဲ့ Gucci အမှတ်တံဆိပ်နဲ့အဝတ်အစားတွေ sold out သွားပြီဆိုတဲ့သတင်းပါပဲ...။

ဒီနှစ်သည် Model V တစ်ဖြစ်လည်း ကင်မ်ထယ်ယောင်းအတွက် ကံကောင်းတဲ့နှစ်တစ်နှစ်လည်း ဖြစ်နေပြန်တယ်...။ သူနဲ့သာကြော်ငြာရင် ဘယ်ပစ္စည်းမဆို Sold out တယ်လို့နာမည်ကြီးနေတာကြောင့် အလုပ်အပ်ချင်တဲ့ကုမ္မဏီတွေဆိုတာ ဒုနဲ့ဒေး...။ ထယ်ယောင်းရဲ့ အေဂျင်စီဖြစ်တဲ့ Agust-D မှ CEO ကင်မ်ယွန်းဂီလေးမှာလည်း ထိုကိစ္စတွေကြောင့် မအားမလပ်နိုင်အောင်ဖြစ်နေရတယ်...။ ထယ်ယောင်းမပင်ပန်းရအောင် သေချာချင့်ချိန်ပြီးမှ အလုပ်လက်ခံနေရသည်ကိုး...။

နောက်ကွယ်ကနေကူညီပံ့ပိုးနေတဲ့ချစ်သူကိုရော ဂရုတစိုက်ရှိလှတဲ့အစ်ကိုကိုရော ပိုင်ဆိုင်ထားရတဲ့ထယ်ယောင်းအဖို့ကတော့ အရာရာဟာအဆင်ပြေချောမွေ့လွန်းနေတယ်...။ မကြာသေးမီကတင် ချစ်သူဖြစ်တဲ့ဂျောင်ဟိုဆော့ဆီက လူသိရှင်ကြားလက်ထပ်ခွင့်တောင်းခြင်း ခံထားရတဲ့အတွက် လူအများရဲ့အားကျခြင်းကိုပါ ရရှိနေလေရဲ့...။ သူ့ရဲ့ IG acc နဲ့ Twitter acc မှာလည်း ချစ်သူနဲ့အတူ ပျော်မြူးနေတဲ့ပုံလေးတွေ တင်ထားတတ်တာကြောင့် Idol couple ရယ်လို့ တင်စားခြင်းကိုတောင် ခံနေရတယ်...။

အခုလည်းဂျောင်ဟိုဆော့တစ်ယောက် Twitter မှာ နောက်ဆုံးတင်ထားတဲ့ ထယ်ယောင်းရဲ့မွေးနေ့တုန်းက ရိုက်ထားတဲ့ ၂ယောက်တွဲပုံလေးကိုကြည့်ပြီး ကြည်နူးနေမိတယ်...။ မျက်နှာပေါ်မှာကိတ်မုန့်ခရင်မ်တချို့ ပေနေသော်လည်း သိပ်ချစ်စရာကောင်းနေတဲ့ သူ့ရဲ့ကလေးလေးကင်မ်ထယ်ယောင်း...။ သိပ်မကြာခင်မှာတော့ ဂျောင်ထယ်ယောင်းရယ်လို့ ပြောင်းလဲရတော့မှာပါ...။

သိပ်ကြည့်ကောင်းနေတဲ့ထိုပုံလေးကို retweet လုပ်ထားတဲ့သူတွေလည်း အမြောက်အများရှိနေပြန်တယ်...။ ဟိုဆော့လည်း သူတို့၂ယောက်ကို လိုက်ဖက်လွန်းတယ်လို့ပြောထားကြတဲ့ comment တွေကြောင့် မျက်နှာတစ်ခုလုံးပြုံးဖြီးလို့နေလေပြီ...။

Silent (Completed) Where stories live. Discover now