အပိုင်း-၃
မြို့တော်၏ လူသတ်ကွင်းပြင်တွင် လူအနည်းငယ်စုရုံးနေကြသည်။ဒါသည် ဂင်ဒုံအို၏ တရားစီရင်ခြင်းခံရမှု။ အတင့်ရဲစွာပင် နန်းတော်အပျိုတော်ကြီးဟန်ဆောင်လျက် အနောက်နန်းဆောင်အပျိုတော်ကို သတ်မှုသည် အနောက်နန်းဆောင်၏လုံခြုံရေး၊ အချူပ်အာဏာကိုထိပါးသည်ဟု ယူဆကာ အများပြည်သူမြင်သာရန် ဤရင်ပြင်တွင် ပြုလုပ်ခြင်းဖြစ်သည်။ ဒူးထောက်နေရ လျက် ဂင်ဒုံအို သည် သူမနောက်က လက်မရွံ့လူသတ်သမားကိုလည်း ကြောက်ဟန် မရှိ။ နှုတ်ခမ်းတွင် မဲ့ပြုံး ချိတ်ဆွဲနေသည်။ သူမ မျက်လုံးတွေက စူးရဲကာ ထက်မြက်နေသည်ကို လူအုပ်ကြားထဲကနေ ချန်းယောလ် လည်းကြည့်နေမိ သည်။
“သခင်လေး. ပြန်ရအောင်ပါဗျာ.။တခြားနေရာတွေလျှောက်ကြည့်ကြမယ်လေ.။ဘယ့်နှယ့် ဒီလူသတ်ကွင်းကိုလာကြည့်နေရတာလဲဗျာ.လုပ်ပါ”
“တိတ်နေစမ်း.”
ဂီ က သူ့ဝတ်ရုံစကိုမဆွဲရုံတမယ် ဆိုလာသည်။ယနေ့ အားလပ်ရက်ပေမို့ ချန်းယောလ် တစ်ယောက် ဂီနှင့်အတူ ဈေးအတွင်း ဟိုဟိုဒီဒီကြည့်ရန်လာခြင်းကို ဘယ်လိုလုပ်ဒီရောက်လာမှန်းလည်းမသိတော့။ ရောက်လာမှတော့ တရားစီရင်ခြင်းကိုကြည့် လိုက်တော့မည်။ဒါမျိုးတွေက ချန်းယောလ် ဘုရင့်ကိုယ်ရံတော်တပ်မှူးဖြစ်ပါပြီဆိုကတည်းက မမြင်ချင်မှအဆုံး။
“တိုင်းပြည်က ပျက်စီးနေပြီ . ကျွန်မ အပြစ်ရှိတာမှန်ရင်တောင် ဘာလို့ ဘာကြောင့်မို့လို့ မမေးကြတာလဲ။ဖြေခွင့်တောင်မပေးလက်လွတ်စပယ် သတ်မိန့်ပေးတာ သိပ်ကိုတရားမဲ့လွန်းတယ်။ ဘယ်မှာ ဥပေဒေစိုးမိုးမှာလဲ။ ကျွန်မ ဒါကိုရင်အနာဆုံးပဲ။”
“ပါးစပ်ပိတ်ထားစမ်း။သေမယ့်အရေး မဟုတ်တာတွေထွက်နေသေးတယ်။ စတော့.”
သူမ၏ အသံက ဟိန်းထွက်လာသည်ကြောင့် တရားသူကြီးမင်းက အော်ဟစ်အမိန့်ပေးကာ လက်မရွံ့လူသတ်သမားကို စစေသည်။လူသတ်ဓါးသည် ဂင်ဒုံအို ၏ ခေါင်းထက်တွင် ဟန်ရေးပြရစ်ဝဲနေသည်။လူသတ်သမားက ဟန်ရေးပြပြီးနောက် တစ်ခါတည်းခုတ်လွှဲပစ်လိုက်တော့သည်။