အပိုင်း-(၁၆)
“ဒီကိုလာ--”
ဆိုယွန်း၏ လက်တစ်ဖက်ကိုဆွဲလျက် ချန်းယောလ် က တရားရေးအမတ်ကြီးရှေ့တွင်ဝင်ထိုင်လိုက်သည်။ပတ်ဂျွန်က ပြုံးကာကြည့်နေလေ၏။
“နှုတ်ဆက်လိုက်ပါဦး ကျွန်တော့် အဖေ. ပါ။”
“ဟုတ်ကဲ့. တွေ့ရတာ ဝမ်းသာပါတယ်ရှင်”
တရားရေးအမတ်ကြီးက ခေါင်းညိတ်ကာ ပြုံးလျက် ကြည့်သည်။ဖြူဖြူစင်စင်မျက်နှာလေးမို့ ရံဖန်ရံခါမြင်ဖူးခဲ့သော ဘတ်ဟျွန်း ၏ မျက်နှာနှင့်တော့ကွာသည်ဟုတွေးမိသား။
“ကြိုဆိုပါတယ်. မိန်းကလေးဆိုယွန်း. ချန်းယောလ် ပြောနေတာ ငါက တွေ့ချင်နေတာ။ ခြံဝန်းထဲ အဆင်ပြေသလို လည်ပတ်သွားလာနော်။စစ်သူကြီးဗြောင်နဲ့ငါတို့က ရင်းရင်းနှီးနှီးနေခဲ့ကြတာပဲကို.။ဘတ်ဟျွန်း ကိစ္စလည်း ခေါင်းထဲမထည့်ထားနဲ့။ ဘတ်ဟျွန်းနဲ့ဆိုယွန်းကို ငါတို့ က ခွဲမြင်ထားပါတယ် ဟုတ်ပြီလား။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.”
“ဒါဆို အဖေ ကျွန်တော် ခြံထဲ လိုက်ပြလိုက်ဦးမယ်.”
တရားရေးအမတ်ကြီးကိုခွင့်တောင်းပြီးတော့ တဖန် ဆိုယွန်းကိုခေါ်လျက် ခြံဝန်းထဲ ရောက်လာခဲ့သည်။ကြီးမားကျယ်ပြန့်သည့် ပတ်အိမ်တော်ထဲ က အစစအရာရာခမ်းနားလှပနေတာမို့ ဆိုယွန်းက ပြုံးလျက်သာလိုက်ကြည့်နေ၏။
“ကြည့်ချင်တာကိုလိုက်ပြတော့ စိတ်ပျော်ပါရဲ့လား ဗျာ”
“အဟင်း- ဒါပေါ့ ဒီက နားကားကားလူကြီးမင်းကို အရမ်းပဲကျေးဇူးတင်ပါတယ်ရှင်.”
“မဟုတ်တာ.ကျွန်တော် တို့ကဒီလိုပြောရမယ့်ဆက်ဆံရေးလား။အာ--ဒါနဲ့ မနေ့က ဘတ်ဟျွန်းလေး စိတ်မကောင်းစရာတစ်ခုခုရှိနေတာလား။တွေ့ဖြစ်ကြတော့ မျက်နှာအတော်လေးမကောင်းဘူး။စိတ်အားငယ်နေပုံလည်းရတယ်။”
ပြုံးမြမြလေးဖြစ်နေသည့် ဆိုယွန်းမျက်နှာလေးတည်သွားသည်။ ချန်းယောလ်ကိုကြည့်နေရာကနေ မျက်စိရှေ့ကပန်းပင်တွေကို အကြည့်လွှဲရင်းသူမ မျက်ဝန်းတွေက ဝမ်းနည်းရိပ်သမ်းလျက်။