အပိုင်း-၁၃
ဘတ်ဟျွန်း မျက်လုံးတွေလှုပ်လာပြီး ဖြည်းဖြည်းချင်းပွင့်လာသည်။ဘယ်နေရာကိုရောက်နေတာလည်း မှတ်ဥာဏ်ပြန်ခေါ်နေရင်း အခန်းထဲကိုဝေ့ဝဲကြည့်လိုက်၏။ဝမ်းဗိုက်က ဒဏ်ရာက အတော်အတန်လေးတော့ နေလို့သက်သာနေသည်။တကယ်တမ်း လည်းဓါးဒဏ်ရာက ကြီးမားတာမဟုတ်ဘဲ အဆိပ်ပါနေလို့ ဘတ်ဟျွန်း တောင့်မခံနိုင်တော့တာဖြစ်သည်။
“ဟင် ဘတ်ဟျွန်းလေး သတိရလာပြီလား”
“ချန်းယောလ်.”
ချန်းယောလ်ကိုမြင်တော့ လူးလဲထမည့် ဘတ်ဟျွန်းကို ချန်းယောလ် အပြေးလေး ထူမပေးလိုက်သည်။ပြီးတော့မှ ဘေးမှာပင် ယှဉ်ထိုင်လျက် မျက်နှာကိုငုံ့ကြည့်သည်။ဘတ်ဟျွန်းက ပြန်မော့ကြည့်လာတော့ ရှင်းရှင်းလင်းလင်းမြင်ချင်နေတာနှင့်အတော်ပဲ ဖြစ်သည်။
“မျက်နှာ တော်တော်လေးလန်းနေပြီပဲ.။”
“ကျေးဇူးတင်ပါတယ် ကယ်တင်ပေးလို့”
“ဒါကငါတို့ကြားမှာလိုသလားကွာ.။ပြီးတော့ ဒီမှာ မင်းကို ကယ်တင်ခွင့်ပေးထားတာက အိမ်ရှေ့စံမို့.သူ့ကိုပဲ အဓိက ကျေးဇူးတင်ရမှာ။”
ချန်းယောလ် ကစကားလည်းမပြတ်စေရင်း စောစောလေးကမှ အထိန်းတော်ကိုလာပို့ခိုင်းထားနှင့်သည့် ကြက်ပြုတ်ရည် ပန်းကန်လေးကို စားပွဲပေါ်က နေ သွားယူသည်။နှုတ်ခမ်းဖြင့်ထိကပ်ကာ ဖြည်းဖြည်းလေးမှုတ်လျက် အပူသက်သာစေ လေတော့ ဘတ်ဟျွန်း ဘာရယ်မဟုတ် ငေးကြည့်နေမိသေးသည်။သောက်လို့ရသည့်အနေအထားရောက်မှ ချန်းယောလ် က ပန်းကန်လုံးလေးကို ဘတ်ဟျွန်းလက်ထဲထည့်ပေးလာသည်။
“ဘယ်တွေပျောက်နေခဲ့တာလဲ ပြောပြပါဦး.”
“သိချင်တာတွေစုံစမ်းနေတာ.နယ်ဘက်ထိလည်းသွားတယ်. မနေ့ညက လက်ထောက်အမတ်ချူပ်ကြီး ဂေါင်ချွဲ အိမ်ကို ခိုးဝင်တာလေ.။အဟက် တစ်ချက် အညာမိသွားတာက ကျွန်တော်စုံစမ်းတဲ့ဆီကနေ သတင်းပေါက်ကြားသွားတာထင်တယ်။ အသင့်စောင့်နေပြီး အဆိပ်ပါတဲ့ ဓါးနဲ့တိုက်ခိုက်ခံရခဲ့တာ.။ဒီလူတွေယုတ်မာတာတော့ အမှန်ပဲ.။မနိုင်မှန်းသိလို့ အဆိပ်သုံးတယ်တဲ့လေ.။”