အပိုင်း(၄)
မိုးက မနက်လင်းကာမှ တိတ်သွားခဲ့သည်။တစ်ညလုံးအေးခဲနေရင်းက မီးပုံမငြိမ်းအောင် စောင့်ဆိုင်းနွေးထွေးစေခဲ့သော်လည်း ဘတ်ဟျွန်း မှေးခနဲအိပ်ပျော်သွားချိန်တွင် မီးငြိမ်းသွားခဲ့တာဖြစ်မည်။ နိုးလာတော့ သူကိုယ်တိုင်လည်းအေးခဲနေသလိုခံစားရ ၏။ ချန်းယောလ်ကိုကြည့်လိုက်သည့်အခါ တစ်ကိုယ်လုံးကွေးနေတာကို တွေ့လိုက်ရသည်။
“ဘာလဲ တပ်မှူးပတ်တို့နေမကောင်းဖြစ်ပြီလား။”
ဘတ်ဟျွန်း အနားကိုလှမ်းလာလိုက်သည်။ ချန်းယောလ်ဘေးတွင် ဒူးတစ်ဖက်ထောင် ထိုင်လျက် နဖူးကိုလှမ်းစမ်းလိုက်၏။သို့ သော် ဘတ်ဟျွန်း လက်တစ်ဖက်က လေထဲမှာပင် ပုတ်ထုတ်ခံလိုက်ရပါသည်။
“မ- ထိ- နဲ့.”
ချန်းယောလ် က အတင်းကုန်းရုန်းထလျက် အနောက်က ကျောက်နံရံကိုမှီလိုက်သည်။ စူးရဲရဲကြည့်နေတာမို့ ဘတ်ဟျွန်း မျက်ခုံးပင့်လျက် ပုခုံးတွန့်ပြလိုက်သည်။ ခုချိန် သူ သတ်ရင်တောင်ခံရမည်ဖြစ်သည့် တပ်မှူးပတ်ကများ။
“မကြောက်ပါနဲ့။ကျွန်တော်က ခင်ဗျားကို မသတ်ပါဘူး-ဟွန်း--ဟွန်း-မထင်ရဘူးနော် တပ်မှူးပတ်က လည်း အသဲငယ်သား။”
“ပါးစပ်ပိတ်ထား ဘတ်ဟျွန်း။ ထွက်သွားတော့။ ဒီတစ်ခါ ငါ မင်းကိုမဖမ်းနိုင်ပေမယ့် နောက်တစ်ခါမလွယ်ဘူး။”
“ကောင်းပါပြီ။စောင့်နေပါ့မယ် တပ်မှူးပတ်..။ဒါဆို- ခွင့်ပြုပါဦး။ ”
ခနဲ့တဲ့တဲ့အပြုံးဖြင့် ဘတ်ဟျွန်း အပြင်ပြန်ထွက်လာခဲ့သည်။ ဂူပေါက်ဝနားတွင် ခဏမျှရပ်နေမိသေးသည်။ ကူညီလည်းကူညီ ရသေး ဒီတပ်မှူးဟာ ဘယ်လိုတောင် ကျေးဇူးမသိတတ်သည့်အမျိုးလဲ။ ဒဏ်ရာနှင့်လူမို့ အေးခဲမည်စိုးကာ ဘတ်ဟျွန်း တစ်ညလုံး မီးမငြိမ်းအောင် လုပ်ပေးခဲ့တာကို။ဒီတိုင်းတော့ မကျေနပ်နိုင်။တစ်ခုခုလုပ်ချင်တာမို့ ဘတ်ဟျွန်း ခဏစောင့်ဆိုင်းကာ အချိန်အနည်းငယ် တာသွားတော့မှ ဂူထဲပြန်ဝင်လာခဲ့သည်။ထင်သည့်အတိုင်းပတ်ချန်းယောလ် တို့ပြန်လည်ကွေးလျက် အိပ်ပျော်နေပြန်ပြီဖြစ်သည်။