အပိုင်း ၁၂

3.1K 493 21
                                    

zawgyi

အပိုင်း-၁၂

“ဘယ်လိုဖြစ်လို့ ဒီလိုတာဝန်ကိုလွဲချော်ရတာလဲ ချန်းယောလ်”

တရားရေးအမတ်ကြီးက မျက်မှောင်ကုတ်လျက် ဆူပူနေသလောက် ချန်းယောလ်က လက်ဖက်ရည်ကြမ်းလေးတစ်ခွက်ဖြင့် သာသာယာယာပဲဖြစ်သည်။မနက်ကတင် နန်းတော်ကို အခစားဝင်ရာမှာ မင်းကြီးက သေချာစုံစမ်းစစ်ဆေးဖို့ပြောလိုက်ရုံကလွဲ ထူးပြီးပြောမလာသည့်အရေးမှာ ချန်းယောလ် အေးအေးဆေးဆေးပင်ဖြစ်၏။

“မင်းကြီးတောင် ဘာမှမပြောတာ အဖေကလည်း။ ကျွန်တော့်ဘာသာဖြေရှင်းပါ့မယ်။ ဒါနဲ့ အဖေ ကျွန်တော် တစ်ခုမေးစရာလေးရှိလို့။”

“မင်းကိုငါ မနိုင်တော့ဘူး. ပြောပါဦး ဘာမေးစရာရှိတာလဲ”

“ဗြောင်အိမ်တော်ကိစ္စမှာ အဖေ တစ်ခုခုသိထားတာရှိလား.”

စူးစိုက်ကြည့်နေသည့် ချန်းယောလ် မျက်ဝန်းတွေအောက်မှာ တရားရေးအမတ်ကြီး တစ်ချက်တုံ့သွားပေမယ့် ပြန်ထိန်းလိုက်သည်။

“ကိစ္စတွေကပြီးတာကြာခဲ့ပြီ။ငါလည်းဘယ်လိုလုပ်သိမှာလဲ.။ဗြောင်အိမ်တော် ပြိုလဲတုန်းက ငါလည်း တော်တော် စိတ်မကောင်းဖြစ်ခဲ့ရတာပဲလေ.။”

“ဒါဆို ဘတ်ဟျွန်းလေး တို့အတွက် မတရားမှုကိုရှာပေးကြရအောင်.”

“ဘာ- မင်း ဗြောင်ဘတ်ဟျွန်းနဲ့ပတ်သက်နေတာလား.။တရားခံမိသားစုကနော် ချန်းယောလ် မင်းပတ်သက်လို့မရဘူး။ ပြီးတော့မတရားမှုလို့ မင်းကိုဘယ်သူကပြောတာလဲ.။စစ်သူကြီးဗြောင်က တကယ်ပြစ်မှုလုပ်ခဲ့တာရော မဖြစ်နိုင်ဘူးလား။ဟိုတုန်းက ကိစ္စတွေ ဝင်မပတ်သက်စမ်းနဲ့ ပတ်ချန်းယောလ်”

တရားရေးအမတ်ကြီး ၏ စကားတွေအောက်မှာ ချန်းယောလ် စိတ်ဓါတ်ကျသွားသည်။ တကယ်လည်း လူကြီးတွေရဲ့ကိစ္စကို သူတို့မသိခဲ့ရိုးလေ.။ဒါပေမယ့်လည်း ဘတ်ဟျွန်းက စိတ်အားထက်သန်ကာ အမုန်းတရားတွေနှင့်ရှင်သန်နေသည်ကို သူဘယ်လို လုပ်ရပါလိမ့်.။ဘတ်ဟျွန်းသည် သူ့အတွက်တော့ ချစ်စရာ့ညီငယ်လေးအသွင်မို့ သူ  ပျော်ရွှင်စေချင်သည်။ အေးအေးချမ်းချမ်းနဲ့ဘဝကို ဖြတ်သန်းသွားစေချင်တာ အမှန်ပင်ဖြစ်သည်။

အမုန်းရင့်ရောင်နှောင်ကြိုးWhere stories live. Discover now