အပိုင်း-(၁၀)
“အဆင်ပြေပါတယ်နော် မင်းသားငယ်.။”
“ဟုတ်ကဲ့။ ခုလို ဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်။”
ညနေခင်းဈေးတန်းလေးမှာ ယူဂျင်း နှင့် အစေခံမလေးတစ်ယောက်ရယ်.လုဟန်ရယ် ဖြစ်သည်။နောက်ပါးတွင်ကတော့ ကိုယ်ရံတော် နှစ်ယောက်က ထပ်ကြပ်မကွာ။အားလုံးသာမန်အဝတ်အစားလေးတွေဖြင့်ပင်။ လုဟန် နေသည့်နေရာကို လာ ရောက် ကာ အပျင်းပြေလည်ပတ်ဖို့ရန်လာရောက်ခေါ်ဆောင်ပေးသည်မို့ လုဟန်မှာမငြင်းသာ။
ညခင်းဈေးတန်းလေးက အရောင်အသွေးစုံလင်သည့်ပစ္စည်းတွေ…စားသောက်ချင်စရာ ရိုးရာမုန့်တွေရယ်ဖြင့် စည်ကားအသက်ဝင်နေလေတော့ လုဟန် ပြုံးလာမိသည်။
“မင်းသားငယ်.. အဲ့ဒါလေး သဘောကျလား.။မင်းသားငယ်နဲ့ဆိုအတော်လေးလိုက်မှာ.”
ယူဂျင်းက ခါးချိတ်သည့်ကျောက်စိမ်းပြားလေးတစ်ခုကိုညွှန်ပြရင်းဆိုသည်။ လုဟန် ခေါင်းခါလိုက်၏။
“တော်ပါပြီ မိဖုရားယူ- ကျွန်တော် အဲ့ဒါတွေသိပ်မကြိုက်လို့ပါ.”
လုဟန် ထိုမျှနှင့်စကားဖြတ်လိုက်တော့ ယူဂျင်းကပြုံးလျက်သာခေါင်းညိတ်သည်။ကျောက်စိမ်းပြားကို လုဟန် ထပ်မလိုတော့ပါ။ အရင်က သူပေးခဲ့သည့်တစ်ခုကိုသာ စွဲစွဲမြဲမြဲသိမ်းထားပြီးသည့်နောက် တခြား ကျောက်စိမ်းပြားတွေကို လုဟန် လက်မခံတော့။ တန်ဖိုးကြီးမှန်းလည်းသိသာလွန်းသည့် ထိုကျောက်စိမ်းပြားကို လုဟန် ကိုယ်နှင့်မကွာ အမြဲသိမ်းဆည်းထားသည်။
သူ့အငွေ့အသက်တွေနှင့်မို့.
“မင်းသားငယ် သတိထား-”
နောက်ပါးဆီက ကိုယ်ရံတော်၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ဈေးအပြင်ဘက် မြင်းတွေထားသည့်နေရာဆီ ပြန်လာစဉ်ဖြစ်၏။လျှပ်တစ်ပြက်တော့ ကာကွယ်တိုက်ခိုက်လိုက်နိုင်ပါရဲ့။ လုဟန် က ပြေးဝင်လာသည့် မြှားကို ရှောင် လိုက် သော်ငြား.ထပ်မံဝင်ရောက်လာသည့် ဓါးတိုက လုဟန်၏ လက်မောင်းစွန်းကိုဖြတ်ရှသွားသည်။
“မိဖုရားယူ-- ဘေးကပ်နေပါ။”
ထိတ်လန့်တကြားဖြစ်နေသည့် ယူဂျင်းနှင့်အစေခံမလေးကို ထောင့်တစ်နေရာတွင်ကပ်နေစေလိုက်သည်။ လုဟန်က ဖိနပ်ရှည် နှင့် တွဲချိတ်ထားသည့် ဓါးတိုကို ဆွဲဖြုတ်ယူလိုက်ရင်း တရစပ် ရောက် ရှိ လာသည့် ဝတ်စုံနက်လေးဦးကို ကိုယ်ရံတော် နှစ်ယောက် နှင့်အတူ တိုက်ခိုက်သည်။ ဈေးအစွန်ဖြစ်တာမို့ လူလည်း ရှင်းသည့် ကြားက ဝတ်စုံနက်တို့၏ တိုက်ခိုက်ပုံကလည်း သွက်လက်ညင်သာသည်မို့ အသံ သိပ် မထွက်.။ ဓါးချက် တွေကို သာ လုဟန် တို့ ဂ၇ုတစိုက်ရှောင်ကာ ပြန်လည် တိုက်စစ် ဆင်နေရသည်။