အပိုင်း-(၂၅)
"ဆယ်ဟွန်း ဘယ်လိုဖြစ်နေလဲဆို. ဆယ်ဟွန်း"
"ဘာလဲကွာ-ဒီတိုင်းဖက်နေတာပဲကို."
စာကြည့်စားပွဲပုလေးတွင် စာဖတ်နေသည့် လုဟန်ကို ဆယ်ဟွန်းက နောက်ကနေ ခါးကိုသိုင်းဖက်ထားသည်။ဒီတိုင်းအငြိမ် နေတာ မဟုတ်။သူ့ဦးခေါင်းက လုဟန် လည်တိုင်နားမှာ ဝဲသီလျက် တိုးဝှေ့နေသည်။လုဟန် စာဖတ်ခြင်းကို အာရုံစိုက်လို့မရ လေတော့။
"လွမ်းနေတာ."
"လျှောက်ပြောပြန်ပြီ။ဒီတစ်မနက်လေးပဲ ညီလာခံတက်ရတာကို.မသိရင် ဘယ်နှစ် နှစ်လောက်ဝေးနေတာကျလို့ "
"မင်းက ကိုယ့်လို မချစ်လို့နေမှာပေါ့"
ဆယ်ဟွန်းတို့ စိတ်ကောက်သွားပါပြီ။ဖက်ထားသည့် လက်ကိုလွှတ်လျက် ခပ်လှမ်းလှမ်းကိုသွားကာ သူဝတ်လာသည့် ဝတ်ရုံတော်ကိုကိုယ့်ဘာသာချွတ်နေသည်။ဒီတစ်နှစ်ကျော်အတွင်းမှာပင် ဆယ်ဟွန်းက တိုင်းပြည်အရှင်ဖြစ်လာပေမယ့် လုဟန် အပေါ် တစ်ခါတစ်လေ ကလေးလိုစိတ်ကောက်ချွဲနေတာများ..။ လုဟန် သဘောကျစွာပြုံးလိုက်မိသည်။တင်ပလ္လင်ခွေထိုင်နေရာ ထကာ ဝတ်ရုံချွတ်ဖို့ပြင်နေသည့် ဆယ်ဟွန်းကို ကူလိုက်သည်။ဒါသည်လည်း လုဟန် တစ်ယောက်တည်းသာရဲရဲတင်းတင်း လုပ်ကိုင်လျက်ရှိပြီး ဆယ်ဟွန်း ကိုယ်ကိုစိတ်ရှိသလိုထိတွေ့ခွင့်ရသူသည်လည်း လုဟန် တစ်ယောက်တည်းသာဖြစ်သည်မို့ ကျေနပ်ရသေးသည်။
"အိုး--ကျွန်တော်တို့မင်းကြီးက စိတ်ကောက်နေတာပဲ။ပြုံးပြပါဦးလို့"
လုဟန် လုပ်ပေးတာကို အသာတကြည်ခံယူနေသော်လည်း ဆယ်ဟွန်း မျက်မှောင်တွေက စုတွန့်လျက်။ ချွတ်လိုက်ပြီးသော ဝတ်ရုံကို လုဟန်က ထားနေကျ ဝတ်ရုံချိတ်သည့် တိုင်တွင် သေသေချာချာလေးချိတ်လိုက်သည်။ခု ဆယ်ဟွန်းက အဖြူရောင် အောက်ခံအင်္ကျီဖြင့်သာဖြစ်သည်။
"ပြုံးပြဦးဆို.. ကျွန်တော်တွေ့ချင်လို့။ ဆယ်ဟွန်းက မချစ်တော့ဘူးလား။"
"ဟား လုဟန်ရာ-"
မျက်စိရှေ့မှာ ရှိနေသည့်လုဟန်ကို အနားကိုဆွဲယူလျက် ခါးကနေ မျက်နှာချင်းဆိုင် သိမ်းပွေ့ထားလိုက်သည်။ဆယ်ဟွန်း မျက်နှာက ခုတော့ တိမ်ကင်းစင်နေချေပြီ။