အပိုင်း-၁၅
“အဲ့ဒီတော့ မင်းတို့အိမ်က ဂျောင်းဟိုဆိုတဲ့လူယုံတော်ကိုရှာရမှာပေါ့”
“ဟုတ်တယ်။ လက်ထောက်အမတ်ချူပ်ကြီးရဲ့ အရင်ကစာရင်းတချို့ကိုလည်း ငါလိုက်စုံစမ်းနေသလို သူတို့အိမ်တော်က တချို့ကိုလည်း ဂီ ကိုစုံစမ်းခိုင်းထားတယ်။ဘတ်ဟျွန်း ဒီလောက်ထိ စိတ်ထဲရှိနေတာ ငါ ဒီတိုင်းမနေနိုင်တော့လို့”
ချန်းယောလ် စကားတွေကိုအလေးအနက်နားထောင်နေရာကနေ နောက်ဆုံးတစ်ခွန်းကိုတော့ ဆယ်ဟွန်း ကပြုံးသည်။ ထို မသင်္ကာစရာကောင်းသည့်အပြုံးကို ချန်းယောလ် ကမျက်မှောင်ကြုံ့ကာကြည့်ပြီးမှ
“ကျွန်တော်တို့အိမ်ရှေ့စံမင်းသားက ဘာဖြစ်နေတာလဲ ”
“ပြုံးနေတာလေ. ဗြောင်ဘတ်ဟျွန်းအပေါ် မင်းစိတ်ရှိနေတာကို သဘောကျလို့”
“စကားကိုလျှောက်မပြောပါနဲ့။ငါက ဘတ်ဟျွန်း အမ ဆိုယွန်းကို လက်ထပ်မှာ။ဘတ်ဟျွန်းက ငါ့ယောက်ဖဖြစ်လာမှာလေ။”
ဆယ်ဟွန်း ကဘာမှမပြော . မယုံဆိုသည့်အကြည့်ဖြင့်သာကြည့်တော့ ချန်းယောလ် ရှုးရှုးရှားရှားဖြစ်သွားရသည်။
“အကြည့်က ဘာလဲ.။မယုံဘူးလား။လက်ထပ်ပြီးမှ မင်းရှေ့ကိုသေချာခေါ်လာဦးမယ်.”
မကြည်သလိုကြည့်လိုက်ရင်းဖြင့်ချန်းယောလ် အကြည့်လွှဲလိုက်စဉ် ကွင်းပြင်ထဲတွင် အမတ်တချို့နှင့် စကားပြောနေသည့် လုဟန် ကိုမြင်သည်။ တစ်ဆက်တည်း ငြမ်းထိုးထားသည့် တစ်ဖက်အမြင့်ပေါ်က သစ်လုံးသယ်သည့် လုပ်သားတချို့က မူမမှန်တာကိုတွေ့သည်။
“ဆယ်ဟွန်း.”
ချန်းယောလ်က ချက်ချင်းထရပ်လိုက်သလို ချန်းယောလ်ကြည့်နေရာကိုချက်ချင်းသိသည့် ဆယ်ဟွန်းက အရင် အမြန် ထပြေးသည်။သူတို့က စင်္ကြန်က နားနေရာလေးမှာ ထိုင်စကားပြောနေတာမို့ ထိုနေရာနှင့်တော့ တအားကြီး အလှမ်းမဝေး။မဟုတ်တာတော့ အမှန်ပင်ဖြစ်သည်။ မနိုင့်တနိုင်ဆိုသည်ထက် ငြမ်းနှင့် ခပ်ခွါခွါက လုဟန်ရှိရာသို့ ချိန်ရွယ်နေ သယောင်။