အပိုင်း(၆) z & U

3.1K 480 20
                                    

အပိုင်း-(၆)

အိမ်ရှေ့စံမင်းသား၏ရှေ့တွင် နန်းစောင့်တပ်မှူးနှင့် အမှုထမ်းတို့ စကားတန်ပြန်မဆိုနိုင်။ဆယ်ဟွန်းက မျက်နှာတည်နေသလို နှုတ်ခမ်းလည်းတင်းတင်းစေ့ထားသည်။

“ဒါ ဘယ်လိုကျူးကျော်စော်ကားမှုမျိုးလဲ နန်းစောင့်တပ်မှူးတို့ဘာလုပ်နေကြတာလဲ။ ရန်သူက နန်းတော်ရင်ပြင်ထိလာပြီးတိုက်ခိုက်ရဲတဲ့အထိ ဒီတိုင်းပဲ ပစ်လက်စခတ်သဘောမျိုးလား ပြောကြပါဦး”

“စိုး၇ွံ့မိပါတယ် အိမ်ရှေ့စံမင်းသား။ကျွန်တော်တို့ စောင့်ကြပ်နေတဲ့ကြားက နေဂိုဏ်းခေါင်းဆောင်က-”

“ဆင်ခြေမပေးပါနဲ့။ဒီတစ်ခါ ဒီလိုနန်းရင်ပြင်ဆို နောက်တစ်ခါ ကျွန်တော့် အဆောင်တော်ထဲလား။”

“တောင်းပန်ပါတယ်။ သေချာဆက်လက်စောင့်ကြပ်ပါ့မယ် မင်းသား။”

ဆယ်ဟွန်းသက်ပြင်းချလိုက်ရင်း သူတို့ကိုသွားစေလိုက်သည်။ အိမ်ရှေ့စံအဆောင်တော်၏ ခန်းမထဲမို့ တခြားသူတွေ တော့ရှိ မနေဘဲ ခပ်လှမ်းလှမ်းတွင် ယူဂျင်းသာ ထိုင်နေသည်။ ယူဂျင်းက ဂျင်းလက်ဖက်ရည်ပန်းကန်လုံးလေး သယ်မလျက် ဆယ်ဟွန်း နား ကပ်လာသည်။

“မင်းသား ဒါလေးသောက်လိုက်ပါဦး စိတ်နှလုံးကြည်လင်စေပါတယ်”

“ကျေးဇူးပဲ”

သူမ ကမ်းပေးလိုက်သည့် ပန်းကန်လုံးကို လွှဲပြောင်းယူသောက်တော့ယူဂျင်း ပြုံးကာကြည့်နေသည်။ ဒီတလော ဆယ်ဟွန်းက သူမကို နည်းနည်းမျက်နှာသာ ပေးသည်ဟုထင်မိပါ၏။

“ကောင်းသားပဲ.ဘယ်က ထွက်တာလဲ”

“ဟန်တိုင်းပြည်ကပါ. မင်းသား။ မင်းသားကြိုက်ရင် ဒီထက်ပိုပြီး မှာလိုက်မယ်လေ.”

ဆယ်ဟွန်း ဆတ်ခနဲဖြစ်သွားသည်။ ဖြတ်ခနဲလှည့်လာသည့် မျက်လုံးတို့က အလောတကြီးနိုင်သဖြင့် ယူဂျင်းသည်ပင် အနည်း ငယ်ကြောင်သွားရသည်။

“ဟန်တိုင်းပြည်က  ဘယ်လိုလုပ်ပြီးရတာလဲ”

“ဟန်တိုင်းပြည်က မင်းသားငယ် ရောက်နေတာပါ မင်းသား။ ဧည့်သည်တော်ဆောင်မှာ မနေ့ညကတည်းကရောက်နေတာ ခရီးပန်းလာလို့ ပွဲတောင်မတက်ဖြစ်တာလို့ဆိုပါတယ် မင်းသား။ ဟို--မင်းသားလည်းသိမယ်ထင်နေတာ ။ဘာဖြစ်လို့လဲဟင်.”

အမုန်းရင့်ရောင်နှောင်ကြိုးWhere stories live. Discover now