အပိုင်း-၂၁

2.9K 487 12
                                    

အပိုင်း-(၂၁)

“ဒါလေးစားပါဆိုဗျာ ဆယ်ဟွန်းကလည်းပြောရခက်လိုက်တာ.”

အာဟာရရှိသည့် ဟင်းရည်လေးတစ်ပန်းကန်ကိုင်လျက် လုဟန် တစ်ယောက် ဆယ်ဟွန်းနားတွင် အလုပ်များနေခြင်းဖြစ်သည်။ နှစ်ဦးသား နားလည်မှုရှိပါပြီဆိုပါကတည်းက ဆယ်ဟွန်းက အမြဲလိုလို လုဟန်ကို အလိုလိုက်အကြိုက်ဆောင်ကာ အကြင်နာ ပေးတတ်ပေမယ့် တစ်ခါတစ်လေ ပြောရခက်အောင်လုပ်ပြီး လုဟန် ချော့မော့ပြောဆိုတာကိုလည်းကြိုက်ပြန်သေးသည်။

“ဘာမှမဖြစ်တော့ပါဘူးဆိုကွာ။ ကိုယ် တကယ်နေကောင်းနေပြီ။ ခါးကလည်းဘာမှမဖြစ်တော့ဘူး။ကျောရော  ခါးရော အကောင်းကြီးပဲ.။တစ်ခုခုစမ်းကြည့်ချင်လား။”

“ဘာကိုလဲ ဆယ်ဟွန်းနော်.”

လုဟန် မျက်နှာလေးဖြန်းခနဲရဲတက်သွားတော့ ဆယ်ဟွန်း ပြုံးစိစိဖြင့် လုဟန်အနားတိုးကပ်လာသည်။သူတို့နှစ်ယောက်က လသာဆောင်အိမ်လေးတွင်ရောက်ရှိနေကြခြင်းဖြစ်သည်။ဒီနေရာမှာ သူတို့ အနမ်းဖလှယ် ပျော်ရွှင်နေကျ ဖြစ်တာမို့ ဆယ်ဟွန်း က ဒီနေရာကိုမည်သူမှ ဝင်ရောက်ကျူးကျော်ခြင်းကို လက်မခံခဲ့သည့်သူ။

“ဒီက ရိုးရိုးပဲပြောတာ ။လုဟန်လေးက ဘာဖြစ်နေတာပါလိမ့်.”

“ရိုးသလားမရိုးသလား ခင်ဗျား ကိုယ်တိုင်ပဲသိမှာပေါ့”

“သိတာပေါ့ သိလို့ကိုယ်က-”

ဆယ်ဟွန်း စကားက ခပ်သွက်သွက်ဖြင့် မပြေးရုံတမယ် ဒီနေရာဘက်ကိုလှမ်းလာနေသည့် မိဖုရားယူကို တွေ့လိုက်သည် ကြောင့် ရပ်တန့်သွားသည်။လုဟန်လည်းသတိထားမိပြီးလိုက်ကြည့်သည့်အချိန်ကျ မိဖုရားယူက လသာဆောင်အိမ်လေးရှေ့ ထိ ရောက်လာသည်။ သို့သော် သူမက လှေကားထစ်ငယ်ကို ခြေတစ်လှမ်းမျှ မတင်.။အပြင်ဘက်ကပဲ ရပ်သည်။လုဟန် အားနာသလိုခံစားချက်ကြောင့် ထရပ်ပြီးထွက်သွာပေးမည်လုပ်တော့ ဆယ်ဟွန်းက လက်ဖဝါးတစ်ဖက်ကို လာရောက် ဆွဲကိုင်ထားသည်။

“အိမ်ရှေ့စံမင်းသား..”

“အင်း မိဖုရားယူ. ညပိုင်းတောင်ရောက်နေပြီ ပြောစရာရှိလို့လား.”

အမုန်းရင့်ရောင်နှောင်ကြိုးOnde histórias criam vida. Descubra agora