အပိုင်း-(၂၀)
“ဒါကို ဘာလို့မပြောခဲ့တာလဲ .ကျွန်မ ဒီအကြံကိုလက်ခံခဲ့ပေမယ့် မင်းသားမှာ ချစ်သူရှိနေမှန်းသိရင်.”
“သိရင် မိဖုရားယူက ဘာလုပ်မလို့လဲ။ ယောကျာ်းလေးပါ။တစ်ဖက်က အိမ်ရှေ့စံချစ်သူက ယောက်ျားလေးမို့ ဘယ်လိုမှ လက်ဆက်လို့မရဘူးလေ။ ဒီအဖေစီစဉ်တာအားလုံးကောင်းဖို့အတွက်ကို မိဖုရားယူက နားလည်ရမှာပေါ့”
မိဖုရားယူ ဒီတလောအတွင်းအခြေအနေအားလုံးကို အခန်းပိတ်သုံးသပ်ခဲ့သည်။ဟိုးအရင်နှစ်တွေမှာ သူမသာ ဆယ်ဟွန်းနှင့် လက်ထပ်ဖို့ဖြစ်မလာခဲ့ရင် ဆယ်ဟွန်းသည် အရာအားလုံးကိုစွန့်လွှတ်လျက် လုဟန်ကို ရွေးချယ်မည်ဆိုတာ ခု အခြေအနေ တွေကိုကြည့် မြေကြီးလက်ခတ်မလွဲ။ ဒါဆို ဘာလို့သူမနှင့်လက်ထပ်ဖြစ်ခဲ့ပါသလဲ။ တရားရေးအမတ်ကြီး အိမ်တော်တွင် အားလုံးပျော်ပါးစားသောက် ကြသည့်စားသောက်ပွဲအပြီးမှာ ဆယ်ဟွန်းသည် အဘယ်ကြောင့် ယူဂျင်းအခန်းထဲရောက်နေသည် မသိသော်လည်း လူကြီးစုံရာနှင့် တရားရေးအမတ်ကြီးအိမ်တော်တွင်တွေ့ရှိရသည့် ဆယ်ဟွန်းကြောင့် အိမ်ရှေ့စံအပ်နှင်းပွဲကို ယူဂျင်းနှင့်အတူတက်ရောက်ခဲ့ရတော့သည်။
“တကယ်လို့ အဲ့တုန်းကတည်းက ကျွန်မနဲ့ အိမ်ရှေ့စံဘာမှမဖြစ်ခဲ့ဖူးဆိုတာ သူသာသိရင် ခုလို ကျွန်မ မိဖုရားယူဖြစ်နေပါ့မလား။ပြီးတော့ ဆယ်ဟွန်းဆိုတာ ချန်းယောလ်ရဲ့သူငယ်ချင်းပါ အဖေ.ဒီလိုတွေသိသွားရင် ဘယ်လိုလုပ်မလဲ..ကျွန်မ ဆက်မလုပ်နိုင်တော့ဘူးထင်တယ်။”
“သတိကပ်ထားစမ်းယူဂျင်း .။မဟုတ်တာတွေလျှောက်ပြောမနေနဲ့။လက်ရှိမင်းကြီးက ကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး။သိပ်မလိုတော့တဲ့အချိန်တွင်းမှာ ဆယ်ဟွန်းက မင်းကြီးဖြစ်လာလိမ့်မယ်။နင်လည်း မိဖုရားခေါင်ဖြစ်မယ့်ကိစ္စမှာ ဘာတွေ ထပ်စဉ်းစားနေစရာလိုသေးမှာလဲ”
“မစဉ်းစားလို့က မရတော့ဘူးထင်တယ် အဖေ.”
အေးစက်စက်ထွက်ပေါ်လာသည့်အသံကြောင့်တံခါးဝကိုအလန့်တကြားကြည့်မိစဉ် ချန်းယောလ်က ဝင်လာသည်။ တရားရေး အမတ်ကြီး၏အခန်းထဲတွင်စကားပြောနေတာဖြစ်ပြီး အပြင်ကခွင့်တောင်းသံတောင်မကြားဘဲ ချန်းယောလ် ဇွတ်တရွတ် ဝင်လာခဲ့ဟန်တူု၏။