"လာ ...ညီလေး။"
အိမ်ရှေ့မှာ ထိုးရပ်လာသော ကားဆီကို
လုဟန် အပြေးသွားလိုက်တယ်။ထရပ်ကားအသေးစားလေးက
အနောက်ဖုံးကို လှန်ဖွင့်ထားပြီး
ထိုအဖုံးပေါ်မှာ
ခြေထောက်တွဲလဲချထိုင်နေတဲ့လူတွေလည်း
များသား။အထဲမှာလည်း ကျပ်သိပ်လွန်းနေတယ်လို့
ထင်တာမလို့ ဒီကားနဲ့ လိုက်ဖို့ ပြောမိတာ
မှားသွားပြီလို့တောင် ယူဆမိတော့မလိုပဲ။ကျောင်းကားကို ဒီလိုကားဖြစ်နေမယ်လို့
လုဟန် ဘယ်တော့မှ ထင်မထားခဲ့တာ အမှန်ပဲ။"ဒီမှာထိုင်လိုက်။"
အကိုယောလ် ပြတဲ့ နေရာက
လုဟန် ဖင်တစ်ခြမ်းတောင် ကပ်ထိုင်စရာမရှိဘူး။ရှစ်ယောက်လောက်ဆန့်မယ့် ဒီခုံတန်းကို
၉ယောက်ထိုင်ထားမှတော့။လုဟန်မှာ ကားပေါ်မှာ ကုန်းကုန်းကွကွ
ဖြစ်နေရတယ်။"ထိုင်လို့ အဆင်ပြေလား...မပြေဘူးလား။"
လုဟန် ပြန်တောင် ခုန်ဆင်းချင်နေပါပြီ။
"ဘာဖြစ်နေတာလဲ။"
အသံခပ်ကျယ်ကျယ်နဲ့
နောက်တစ်ယောက်ရောက်လာတယ်။"ဟ...မိန်းကလေးတွေ အရှေ့တိုးပေးအုံးလေ။"
အနောက်က လူကသာအော်နေတာပါ။
လုဟန်ဖြင့် သူ့ကို လှည့်မကြည့်အားဘူး။
"တိုး...တိုး ..။
နင်တို့ အခုမှ အတော်ကိတ်နေကြတယ်ပေါ့။
ဖင်ကဖြင့် မရှိဘဲ နေရာကိုကျ
အကျယ်ကြီး ယူထိုင်ချင်တယ်"လုဟန်မှာ နားရင်းတွေတောင် ပူတက်သွားတယ်။
"အိုဆယ်ဟွန်း!!! "
မိန်းကလေးတစ်စုရဲ့ အော်သံကလည်း စူးကနဲပဲ။
"ဘာလဲ!!"
ထိုလူ့အသံကလည်း မလျော့ပါဘူး။
"နင့်ကားက လူမတရားတင်နေတာလေ။"
လုဟန် တကယ်ပြန်ဆင်းချင်သွားပါတယ်။
"နှစ်တိုင်း ဒီလိုတင်နေကြပဲ။
မကျေနပ်ရင် မလိုက်နဲ့..."