စားသောက်ဆိုင်အသေးစားလေးရဲ့ ထောင့်နေရာရှိ
သစ်သားစားပွဲဝိုင်းလေးမှာ video call ပြောနေတဲ့
ယူဟာက လုဟန်ကို တွေ့သွားတယ်။လုဟန်က ပါးလေးနှစ်ဖက်ကို လက်ဖဝါးနဲ့အုပ်ပြီး
ခပ်သုတ်သုတ် ပြန်လျှောက်လာတာဖြစ်တယ်။ခေါင်းကြီးကို ငိုက်စိုက်ချပြီး လျှောက်လာတာမလို့
တစ်ခုခုနဲ့ ဝင်တိုက်သွားလေမလားဆိုပြီးတောင်
စိတ်ပူရမယ့် အနေအထားနဲ့။"ခဏနော်....အိမ်ပြန်ရောက်မှ ငါပြန်ခေါ်လိုက်မယ်။"
ဖုန်းချပြီးတာနဲ့ သူမ အပြင်ပြေးထွက်လိုက်ပြီး
အနားရောက်လာတော့မယ့် လုဟန်ကို
ကြိုစောင့်နေလိုက်တယ်။"လုဟန်...."
ကိုယ့်အတွေးနဲ့ကိုယ် လျှောက်လာမိတုန်း
အမည်ခေါ်ခံလိုက်ရတော့ သွားနေရာက ရပ်တန့်ပြီး
လုဟန်ဆတ်ကနဲ မော့ကြည့်မိလိုက်တယ်။"မမ....မမယူဟာ"
သူ့ကို စူးစမ်းသလို ကြည့်နေတာမလို့
လုဟန် မျက်နှာလေးလွှဲကာ
မျက်နှာထားကို ထိန်းယူဖို့ ကြိုးစားလိုက်တယ်။"ဘာဖြစ်လာတာလဲ...နေမကောင်းဘူးလား။
လုဟန်လေး။"ဒီလိုအမေးခံလိုက်ရတည်းက
သူ့ပါးနှစ်ဖက် ဘယ်လောက်နီမြန်းနေမလဲဆိုတာ
လုဟန် ရိပ်စားမိသွားတယ်။"ကောင်း....ကောင်းပါတယ်...
ဟို ကျွန်တော်...ကားပေါ်မှာပဲ
သွားထိုင်စောင့်တော့မယ်နော်"မျက်နှာကို သေချာစေ့စေ့ကြည့်ပြီး
အကဲခတ်ခံနေတာမလို့ လုဟန် မလုံမလဲနဲ့
စကားစအမြန်ဖြတ်ပြီး လှစ်ထွက်ရတယ်။အသံတွေတုန်နေတာကို မမယူဟာ မရိပ်မိဖို့တော့
လုဟန်မျှော်လင့်မိပါတယ်။ဒါပေမယ့်လည်း
အခြေအနေ ပှံမှန်မဟုတ်တာကို သတိထားမိရုံမက
ဒီအခြေအနေဖြစ်သွားတာကလည်း
အိုဆယ်ဟွန်း လက်ချက်ပဲဖြစ်နိုင်တယ်ဆိုတာ
ယူဟာက လုံးဝ အတပ်သိပါတယ်။"ဘာလဲ ...ယူဟာ။"
ချန်းယောလ်က ထွက်လာပြီး မေးလာတာမလို့
ပြုံးစိစိနဲ့ လျှောက်လာတဲ့ ဆယ်ဟွန်းဆီကိုပဲ
သူမမေးငေါ့ပြလိုက်လေတယ်။