>21

10.4K 1.5K 395
                                    

"ငါ သူနဲ့ စိမ်းနေသေးသလိုကြီးပဲ...."

လုဟန်က လေသံခပ်တိုးတိုးလေးနဲ့ ဖွင့်ဟတိုင်ပင်လာတယ်။

"ဟမ်...."

လုဟန်ဆိုလိုတဲ့သဘောကို ရိရှင်းနားမလည်။

"ငါ သူ့အကြောင်းလည်း ဘာမှမမေးမိဘူး။
သူ့အပြောတွေ၊သူ့အကြည့်တွေနဲ့တင်
ငါ့မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဖြစ်နေရတယ်။"

ဟုတ်တယ်။
ချစ်သူဖြစ်ပြီး ၅ ရက်တောင်ရှိပြီ။
သူတို့နှစ်ယောက်က အခုထိမရင်းနီးသေးပေ။

ထုံးစံအတိုင်းပဲ အကိုက သူ့ကို စကားလုံးတွေနဲ့ စွဲဆောင်လိုက်
သူက ရင်ခုန်ပြီး ရှက်နေရလိုက်နဲ့ လည်ပတ်နေတယ်။

မနက်ကဆိုလည်း အကို့စကားတွေ အမူအရာတွေကို
ရင်ခုန်နေရတာနဲ့ လုဟန်မှာ ပြောချင်တာတွေလည်း မပြောရ။
လုပ်ချင်တာတွေလည်း မလုပ်ရနဲ့။

ပြီးတော့ ကိုကိုလို့လည်း ခေါ်ချင်လှပြီ။
ဒါပေမယ့် အကိုက မခေါ်ခိုင်းတော့ လုဟန်မှာ မခေါ်ရဘူး။

မခေါ်ခိုင်းဘဲခေါ်ရမှာလည်း ရှက်တယ်။
အကိုက စလာရင်လည်း လုဟန် ထိုင်ငိုမိမှာပဲ။

သူများ ချစ်သူရည်းစားတွေလို လုဟန်လည်း
ရင်းရင်းနှီးနှီးနေချင်တာပေါ့။
ဒါပေမယ့်လည်း အနားမကပ်ရဲပြန်ဘူး....စိတ်ညစ်ပါတယ်။

"ရည်းစားသက်တမ်း ဘယ်လောက်ရှိပြီလဲ။"

ရိရှင်းရဲ့ အမေးစကားက လုဟန်ကို
အူတူတူတော့ ဖြစ်သွားစေပါတယ်။

ဘာကို ဖြေရမလဲမသိဘဲ အငိုက်မိသွားသလိုမျိုး။

တကယ်ဆို ဟိုးနေ့ညက အဖြေပေးလိုက်တယ်ဆိုတဲ့အကြောင်း
ကျန်းကို လုဟန် ပြောပြပြီးသားလေ။

"ရည်းစားဖြစ်တာကဖြင့် တစ်ပတ် မပြည့်သေးဘူး။
အိမ်ထောင်သက်ကြာနေတဲ့ လင်မယားတွေလောက်
ရင်းနှီးချင်နေတာလား မင်းက။"

ဟင်။
လုဟန်မှာ ပါးတွေပါ ပူထူတက်လာကာ ကြံရာမရ။
ရိရှင်းရဲ့ ဥပမာကြီးကလည်း ဆန်းကြယ်လိုက်တာ။

"ငါ...ငါပြောတာက အဲ့လိုမဟုတ်ဘူးလေ။
မမယူဟာဆိုလည်း သူ့ရည်းစားနဲ့ တရင်းတနှီးပဲ။
ငါတို့ကျမှ...အဟင်း...မသိတော့ဘူး ငါလည်း။"

BOYfriendWhere stories live. Discover now