>26

10.3K 1.3K 302
                                    

"ကိုကို ခဏလေးနော်။"

သူ့ကို အခန်းဝမှာထားခဲ့ရင်း
လုဟန်က ဆရာမနားနေခန်းထဲ ဝင်သွားတယ်။

အတန်းဆင်းချိန်မလို့သွားကြိုတာကို
လုဟန်က ဆရာမ ဆီက စာအုပ်ငှားထားတာရှိလို့
လိုက်သွားယူရပါမည်တဲ့။
အဲ့ဒါနဲ့ သူလည်း လုဟန်သွားတဲ့နောက် လိုက်လာခဲ့တာပဲ။

ဆရာမ သိသွားမှာစိုးလို့ အနားမလာနဲ့ဆိုလို့
သူ့မှာ အနောက်က ခပ်ခွာခွာလိုက်ပေးရတယ်။

အခန်းထဲရောက်နေတဲ့
လုဟန်က သူ့ဘက်ကို လှည့်ကာ
ပြုံးပြတယ်။
ပြီးတော့ စာအုပ်တွေ ထုတ်ပေးနေတဲ့ဆရာမဆီကို
ပြန်လှည့်သွားပြန်ရော။

သူကတော့ အအေးတစ်ဗူးကို ပိုက်တပ်သောက်ရင်း
ကော်ရစ်ဒါနံရံမှာ မှီနေရင်း ရပ်စောင့်နေလိုက်တယ်။

"အဟမ်း...."

ချောင်းဟန့်သံကြားလို့ ကြည့်လိုက်တော့
သူကြည့်နေတဲ့ အခန်းဝမှာ လာပိတ်ရပ်တဲ့....
ဟို အတန်းခေါင်းဆောင်...ယောင်ရှစ်ဆိုတဲ့တစ်ယောက်။

လုဟန်ကို လှမ်းကြည့်နေတဲ့ သူ့မြင်ကွင်းက
ယောင်ရှစ်ကိုယ်နဲ့ ကွယ်မိသွားတာမလို့
သူ ဘေးကို နည်းနည်း ရွှေ့ပြီး ကြည့်လိုက်မိတယ်။

what????

ဆယ်ဟွန်းမှာ အူတူတူပင် ဖြစ်သွားရတယ်။
မထီတထီ မျက်နှာပေးနဲ့ ဒီကောင်လေးက
တမင်များ လာကွယ်နေသလားထင်ရလောက်အောင်
တိုက်တိုက်ဆိုင်ဆိုင်တွေ ပြုမူနေတယ်။

ဆယ်ဟွန်းကြည့်တဲ့ဘက်ကို တမင်ပိတ်နေသလိုကြီးမလို့
ဘာလဲ ဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ပြမေးလိုက်ပေမယ့်
ထိုကောင်လေးက ဆယ်ဟွန်းဆီကိုသာ
တစိုက်မက်မက်ကြည့်နေတုန်းပဲ။

ဆယ်ဟွန်း နည်းနည်း ဆက်တွေးလိုက်တယ်။
ပြီးတော့ ယောင်ရှစ်ဘာဖြစ်ချင်တာလဲလို့
ဖြစ်နိုင်ခြေတွေ စဉ်းစားရင်းနဲ့ အတွေးထဲပေါ်လာတာက

"သောက်ချင်လို့လား..."

လက်ထဲက အအေးပုလင်းကို မ ပြကာ
တိုက်လိုက်တော့လည်း မျက်နှာတစ်ဖက်လွှဲပြီး

"မဖားနဲ့...ပုံမှန်အတိုင်းဆက်ဆံ "

ဆယ်ဟွန်းမှာ တုံ့ပြန်စကားကို ကြားလိုက်တော့
အံ့အားသင့်ရလွန်းလို့ ဘာ တစ်လုံးကလွဲလို့
အခြား ဘယ်စကားမှ ထုတ်မပြောနိုင်။

BOYfriendTempat cerita menjadi hidup. Temukan sekarang