"ငယ်လေး...ညနေကျ ပြဇာတ်တိုက်ဖို့ ရှိတယ်နော်။"
လုဟန် ကားပေါ်မှာ ထိုင်လိုက်တယ်ဆိုတာနဲ့
လှည့်ပြောလာတဲ့ စကား။"ဟယ် လုဟန်လေး...ပြဇာတ်ကတဲ့အထဲ ပါမှာလား။"
မမယူဟာက အကို့သတိပေးစကားကို ကြားပြီး
မေးလာတာမလို့ လုဟန်မျက်နှာလေး
ဖိန်းရှိန်းပူတက်လာပါ၏။"ဘယ်ပြဇာတ်လဲ ညီလေး။"
အကိုမင်ဆော့က မေးလာတော့ လုဟန်ခမျာ
ပြေးမလွတ်နိုင်တဲ့ အရှက်ကွဲမှုကို
ခံစားရတော့မယ်ဆိုတာ သေချာသွားပြန်တယ်။"ဟို...Snow white ပါ။"
မချိပြုံးလေးနဲ့ပဲ လုဟန်ဖြေလိုက်ရတယ်။
"သြော်...မင်းသားလေးလုပ်မှာလား။"
လုဟန် မဖြေချင်ဆုံးမေးခွန်းကို
အကိုချန်းယောလ်က ထည့်ဖြည့်စွက်မေးမြန်းလာတော့
လုဟန် ရှက်လွန်းလို့ သေတော့မည်ထင်သည်။"..မင်းသမီးလေးလို ဝတ်ရင်လည်း လှမှာနော်။"
" မင်းသမီးလိုဝတ်ရအောင် မိန်းကလေးမှမဟုတ်တာ??
ယောက်ျားလေးကို ဘာပေါက်ကရတွေ မေး?? "ဇိုးကနဲဆတ်ကနဲ ဝင်ပြောလာတဲ့အကိုပါပဲ။
"ငါက အဖြစ်ပြောတာကို...
လုဟန်လေးက ချစ်စရာလေး မလို့"မမယူဟာက မျက်စောင်းထိုးပြီး ငြိမ်ကျသွားတယ်။
လုဟန် သက်ပြင်းချလိုက်မိတယ်။
ဒီစကားဝိုင်း ဒီနားတင်ပြီးသွားပါစေ။
လူပုလေးခုနစ်ယောက်ထဲမှာ လုဟန်ပါတယ်ဆိုတာ
ထုတ်မပြောရပါစေနဲ့။"ဒါဆို မင်းသားလေးလား.....ဟုတ်လား?? "
ဆုတောင်းမပြည့်ပုံများနှယ်။
လုဟန်မှာ ထိုင်ငိုချင်စိတ်တောင် ပေါက်ရပါရဲ့။"ကလေးပဲရှိသေးတာကို...ဘယ်ကို မင်းသားရမှာလဲ??
ချစ်ခန်းကြိုက်ခန်းသရုပ်ဆောင်စရာလား ငယ်လေးက "အကိုက လုဟန် အစားဖြေလာတယ်။
သူ့အဖြေကြီးကြောင့် လုဟန်မှာ ကျေးဇူးပဲပြေးတင်ရမလို၊
crush နဲ့ သားအဖဇုန်ထဲပဲ ရောက်သွားရသလိုတောင်
ခံစားသွားရပြန်တယ်။