စာသင်ဆောင်အဟောင်းပေါ်သို့ လှေကားမှတစ်ဆင့်တက်ရင်း
လုဟန်ခြေထောက်တွေလေးတွေ တဆစ်ဆစ်နာကျင်လာသလို
ရင်ဘတ်အစုံကလည်း နိမ့်ခြည် မြင့်ခြည်နဲ့မောဟိုက်နေတယိ။လှေကားထိပ်ရောက်မှပဲ ခါးကိုကိုင်းချကာ
ခပ်ကုန်းကုန်းအနေအထားနဲ့ အမောဖြေရတယ်
ကျောင်းဝကနေ ဒီအထိ သူ့မှာ အပြေးလျှောက်လှမ်းခဲ့ရတာမလို့။ခြေထောက်ကို ဆန့်ခါထုတ် အညောင်းဖြေပြီးတာနဲ့
လှေကားဘေးအခန်းရှေ့ကို အမြန်လှမ်းသွားလိုက်တယ်။ဒါပေမယ့်လည်း ဘယ်သူမှမရှိ။
"မမယူဂျင်းပြောတာ ဒီနေရာပါ။"
ရေရွတ်မိရင်း ဟိုငေးဒီငေးနဲ့ ရှာပုံတော်ဖွင့်လာရင်း
ကော်ရစ်ဒါတစ်လျှောက် လှမ်းလာဖြစ်တယ်။အပေါ်ထပ်အဆောင်ရဲ့ ထောင့်စွန်းအခန်းဆီမှ
အသံတွေကြားလိုက်မှပဲ
လုဟန် အနည်းငယ် စိတ်ကျေနပ်သွားရတယ်။အခန်းတံခါးကို အတွင်းက ပိတ်ထားတာမလို့ သူဖွင့်မရ။
တစ်ခြမ်းကွဲနေတဲ့ ပြတင်းမှန်မှတစ်ဆင့် အထဲကို ချောင်းရတယ်။စာသင်ခုံမရှိရှင်းလင်းနေတာမလို့ ဟောခန်းဖြစ်နေသော
အခန်းကျယ်ထဲမှာ စုဝိုင်းထိုင်နေသော လူတစ်စု။သလုဟန် နှုတ်ခမ်းလေးကို ကိုက်လိုက်မိတယ်။
မြင်နေရတဲ့ ကျောပြင်တစ်ခုက
သူတို့အချင်းချင်းစကားပြောနေရင်း ရယ်မောနေလိုက်တာများ
တုံးလုံးပက်လက်ဖြစ်လုနီးပါး။လုဟန် ဖုန်းလေးကို ထုတ်ပြီး ခေါ်ဆိုလိုက်တယ်။
ဒါပေမယ့် ကိုကိုက
သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ယူကြည့်ပြီးမှ
ခေါ်ဆိုသူ ဘယ်သူလဲဆိုတာ သေချာမြင်ပြီးမှ ဖုန်းကိုလက်မခံဘဲ
ဘေးကအိတ်ပေါ်သို့ ပြောင်းတင်ထားလိုက်တာကိ မြင်ရတယ်။ဒုတိယခေါ်ဆိုမှုကိုလည်း ဒီတိုင်းပဲ တုံ့ပြန်လာမလို့
လုဟန် မျက်ရည်လေးတွေ ရစ်သီလာတယ်။ကိုကိုက သူ့ဖုန်းကိုတောင် မကိုင်တော့ပါလားဆိုတဲ့အသိနဲ့
ရင်ထဲ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာရပါတယ်။