ဆယ်ဟွန်းက ပျားလိမ္မော်သီးလေးတွေကို
သေချာ အခွံနွှာပေးနေတယ်။
ကပ်တွယ်နေတဲ့ အမျှင်သေးသေးလေးတွေပါ မကျန်
ဂရုစိုက်ဖယ်ပေးရင်း ဖွင့်ထားတဲ့ စာအုပ်ပေါ်သို့
တစ်မွှာချင်းစီ အဆင်သင့် ချပေးထားတယ်။ပထမတစ်မွှာပဲ ယူစားလိုက်ကာ
နောက်တစ်မွှာဆီလက်မလှမ်းလာတာမလို့
ဆယ်ဟွန်း လုဟန်ကို ကြည့်လိုက်တယ်။လုဟန်က တွေတွေကလေးငေးနေပြီး
စိတ်နဲ့လူနဲ့ နည်းနည်းကလေးမှ ကပ်နေပုံမရ။"စားလေ ဘေဘီလေး....ဘာမှိုင်နေတာလဲ။"
လုဟန်က မျက်နှာငယ်လေးနဲ့ လှည့်ကြည့်လာတယ်။
"ကိုကို့...."
လက်တစ်ဖက်ကလည်း ဆယ်ဟွန်းလက်ကအကိင်္ျီစကို
လာဖျစ်ညှစ်ဆုပ်ဆွဲထားလေရဲ့။"အဆင်ပြေပါ့မလားဟင်။"
ငိုတော့မလို ရှုံ့မဲ့မဲ့ မအီမသာမျက်နှာငယ်လေးကို
ဆယ်ဟွန်း ကြောင်အအနဲ့ ကြည့်လိုက်မိတယ်။ဘေဘီလေးပြောချင်တာကို သူတကယ်နားမလည်။
"ဟို...ကိုကို့မိသားစုက ကျွန်တော့်ကို ....
ဟင့်...ကြောက်တယ်။!စကားလုံးတွေက အဆက်အစပ်မရှိဘဲ
ကပေါက်တိကပေါက်ချာပေမယ့် ဆယ်ဟွန်း နားလည်သွားတယ်။ရယ်ချမိလိုက်ပြီး လက်ဖျားကလေးကို ပြန်လည်ထွေးဆုပ်ကာ
အနားကို တိုးကပ်လိုက်မိတယ်။"ဘာကြောက်စရာရှိလဲ ဘေဘီလေးရဲ့။
ကိုယ်တစ်ယောက်လုံးရှိတာပဲဟာ။"အားပေး ချော့မြှူ သည့်တိုင် ပူပန် စိုးရွံ့စိတ်တွေက
မလျော့ပါးသေးသည့်နှယ်"ဒါပေမယ့်...
ကျွန်တော့်ကို အကဲခတ်ကြမှာကိုလည်းကြောက်တယ်။
ပြီးတော့ မမတွေက ကိုကို့ကို သိပ်ချစ်ပြီး
ကျွန်တော်နဲ့ သဘောမတူဘူးဆိုရင်ရော။"အိမ်း....စိတ်ကူးတွေကလည်း ယဉ်တတ်ပါဘိ။
Drama အကြည့်များပြီး လိုက်တွေးပူပန်နေတယ်ထင်တယ်။ူ့အစ်မတွေကဖြင့် သူပေသမျှကို ဝေမျှသည်းခံမယ့်လူ
နောက်တစ်ယောက်ပေါ်လာတာကို
အလွန်တရာ ဝမ်းမြောက်လျက်ရှိနေတယ်ဆိုတာများ
ပြောပြလိုက်ရင် ဘယ်လိုနေမယ်မသိ။