လုဟန်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝက ရိုးရှင်းပါတယ်။
ကျောင်းသွားတယ်၊စာလေ့လာတယ်။
သူငယ်ချင်းအသစ်
ကျန်းရိရှင်းနဲ့ စာအုပ်တွေလဲဖတ်မယ်။ဒီလိုမျိုးပေါ့။
နောက်အလုပ်တစ်ခုကိုလည်း
လုဟန် အလိုလိုလုပ်မိနေတာရှိတယ်။
အဲ့ဒါကတော့ အကိုဆယ်ဟွန်းကို ခိုးကြည့်မိတာပဲ။လုဟန်တွေ့ဖူးသမျှ လူတွေထဲမှာ သူက ထူးခြားတယ်။
ရုပ်ရည်ပိုင်းဆိုင်ရာ ပြည့်စုံလွန်းတဲ့အပြင်
ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်တဲ့ စတိုင်လ်က
ဆွဲဆောင်မှုရှိလွန်းတယ်။ကျောင်းတွင်းမှာ ရံဖန်ရံခါတွေ့လို့
ပြုံးပြနှုတ်ဆက်ခံရတဲ့အခါ လုဟန် သိပ်ပျော်တယ်။ကားကြပ်ပေမယ့်လည်း လုဟန် ဒီကားကနေ
တစ်ခြားကားပြောင်းစီးဖို့ အစီအစဉ်မရှိပါဘူး။ဒီကားထက်အများကြီးပိုသာတဲ့ ကားနဲ့
ကျောင်းလာရမယ်ဆိုရင်တောင် လုဟန်ငြင်းမိမှာ။ဖယ်ရီပေါ်မှာ ပထမနှစ်ကျောင်းသားက
လုဟန်တစ်ယောက်တည်းဖြစ်ပြီး
ကျန်တဲ့လူတွေအကုန်လုံးက Final yearက စီနီယာတွေ။ကြားဖူးနားဝမရှိတဲ့ သူတို့အဖွဲ့တွေရဲ့ ဟာသတွေက
တစ်ခါတစ်လေမှာ နားရင်းပါးရင်း ပူတက်စေတာကလွဲလို့
လုဟန်မှာ ပါးစပ်စေ့ရတယ်ကိုမရှိဘူး။အခုဆို တစ်ပတ်လည်း တက်ပြီးရော
လုဟန်က တစ်ကားလုံးက လူတွေနဲ့ ခင်နေပြီ။အကိုကတော့ ကားအရှေ့ခန်းမှာလိုက်တာမလို့
တွေ့လို့ နှုတ်ဆက်တာကလွဲရင်
ဘာမှထူးထူးခြားခြား မခင်သေးဘူးရယ်။လုဟန်ကတော့ အကို့ကို သိပ်ခင်ချင်တာပါပဲ။
ခါတိုင်းလိုပဲ အိမ်ရှေ့ အုတ်ခုံလေးမှာ ဖယ်ရီစောင့်နေတဲ့
လုဟန်က ဖယ်ရီကား ထိုးရပ်လာတာလည်း မြင်ရော
အံ့သြဝမ်းသာနဲ့ ရင်ပါတုန်သွားရတယ်။အကိုက ကားနောက်ခန်းက
နောက်ဆုံးခုံမှာ ပါလာတယ်လေ။ပြီးတော့ အကို့ဆံပင်တွေက လိမ္မော်ရောင်တွေနဲ့
သ်ပ်ကိုလှနေတယ်။