"တာဝန်ကျေကြပါတယ်။"
ဝတ်ထားရတဲ့ ဝတ်စုံကြောင့် လုဟန်မနေတတ်တာမလို့
အမြန်လဲဝတ်ဖို့သာ ပြင်နေမိသည်။လူတွေကို အသိအမှတ်ပြုရုံနှုတ်ဆက်ပြီး
အဝတ်လဲခန်းကို သွားမလို့ ပြင်နေတုန်း
လုဟန်အရှေ့ကို လာပိတ်ရပ်လိုက်သောလူ။"ဂုဏ်ယူပါတယ်။မင်းအကောင်းဆုံးတင်ဆက်ခဲ့တယ်။"
နှင်းဆီနီနီ တစ်စည်းကို
လုဟန်ဆီကမ်းလှမ်းရင်း ဆိုလာတဲ့လူက
အပြုံးတွေ ဖောဖောသီသီနဲ့။"ရော့....မင်းကို ပေးတာလေ။"
လုဟန် အံ့တသြတကြီးဖြစ်သွားပြီး
နှုတ်ခမ်းလေးတွေတောင် ဝိုင်းဟလျက်ရှိနေပါတယ်။"ကျွန်တော့်ကို.....ဘာလို့ပေးရတာလဲ?? "
လုဟန်က ဒီပြဇာတ်မှာ အဓိကကျတဲ့ နေရာက
မဟုတ်ဘူးလေ။ဒါကို ဘာအတွက် လုဟန်ကိုမှ လာပေးသလဲဆိုတာ
နားမလည်ဘူး။"မင်းက သိပ်ချစ်ဖို့ ကောင်းနေလို့လေ။"
လုဟန် ဘယ်လိုတုံ့ပြန်ရမလဲမသိအောင်ကို
ဆွံ့အသွားရတယ်။ဒီလူရဲ့ စကားအသွားအလာတွေက။
"မင်းကို စာတွေပို့နေတာ ကိုယ်လေ။ ခင်ချင်လို့ ...."
"ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်ကရတာလဲ။"
"ဒါက လွယ်ပါတယ်။"
"ငယ်လေး...!!! "
ခေါ်သံကျယ်ကျယ်ကြောင့် လုဟန်တောင်
ဆတ်ကနဲ တုန်သွားပြီးလျှင်
အဲ့နားမှာရှိတဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့
အာရုံကလည်း သူတို့ဆီကို စူးစိုက်လျက်ရောက်လာသည်။"အဝတ်လဲမှာမလား...သွားလဲ။"
လုဟန်အနားကို ဝင်ရပ်ပြီးလျှင်
လုဟန်ကိုမကြည့်လာဘဲ ဟိုတစ်ယောက်ကိုပဲ
ကြည့်နေရင်း ပြောလာတဲ့အကို။လုဟန် ယောင်နနဖြစ်သွားရတယ်။
"သွားလဲလေ...."
"ဟုတ်...."
လုဟန် ကျောပိုးအိတ်လေးကို
ကောက် မ ကာ အဝတ်လဲခန်းဘက်သို့
ဦးတည်သွားလိုက်ရပေမယ့်
အနောက်ကိုလည်း အရိပ်တကြည်ကြည့်။