"ဖုန်းဆက်လာပါစေလို့ ဆုတောင်းပေးနော် ဟိဟိ။"
ီဂျူ ဟီးတစ်ယောက် ဆိုင်ကို လာသွားတဲ့ အဆင်လေးကို
ကြွေနေမိတာ တဖြုတ်ဖြုတ်။ကိုယ့်လိပ်စာကဒ်လေးပေးလိုက်ရတာကိုတောင်
မကြာခင် အဲ့အဆင်လေးနဲ့ လက်ထပ်ရတော့မလို
မြောက်ကြွ ဘဝင်မြင့်ပြီး ကြည်နူးပီတိဖြာနေရပါ၏။"မနဲ့မောင် တွဲပြီး အပီရိုပစ်မယ် ။"
ကြုံးဝါးလိုက်မိတဲ့အထိ
အိုဆယ်ဟွန်းဆိုတဲ့ အဆင်လေးက ခန့်ညားလွန်းသည်။လူငယ်ဆန်ဆန်ဝတ်စားလာတာတောင်
ဒီလိုကြည့်ကောင်းနေရင်
မင်္ဂလာဆောင်လို့များ Suit အပြည့်ဝတ်လာရင်
ခန့်ညားလိုက်မယ့် ငါ့အဆင်လေး။မေးရိုးကြီးကလည်း မိုက်၊
body ကလည်း လန်း။
မျက်ခုံးနက်နက်နဲ့ မျက်ဝန်းစူးရှမှုတွေကတော့
နှိုင်းပြစရာ ဥပမာမဲ့တဲ့အထိ ခန့်ညားလွန်း။အကျင့်စာရိတ္တကတော့ ပြောဖွယ်ရာရှိမှာမဟုတ်ဘူး။
ဒီလို အဆင်လေးမှန်သမျှက အကျင့်ကောင်းတယ်လေ။မသိဘူးဟာ။
အဆင်လေးဆိုတာနဲ့ အမှတ် တစ်ရာအပြည့် ပေးပြီးသား။"သူ့ဘက်ကပဲ အရင် ဖုန်းဆက်လာပါစေအုံး။"
ယွန်းဟာ က ပြောလာတော့
စိတ်ကူးယဉ်တာလေးတွေ လွင့်ပြယ်တော့မလိုပဲ။"ဖုန်းနံပါတ် တောင်းလိုက်ရမှာနော်။
အခုတော့ အမည်ပဲသိရတယ်။
အဆက်အသွယ်ရအောင် ဘယ်လိုလုပ်ရမလဲ။"ယွန်းဟယ်ပုခုံးပေါ်ခေါင်းမှီချလိုက်ရင်း
သူမငြီးငြူမိလေတယ်။အဆင်လေးရယ်....ဒီတစ်ခါ ချိန်ပါမဖြစ်ရဘူးနော်။
နင်တစ်ယောက်ကတော့ လုံးဝငါ့ကောင်လေးပုံစံပဲဟဲ့။
""မမ!!! "
"အမလေး...."
ခေါ်သံကျယ်ကြီးကြောင့် အတွေးများနေရာကနေ
သူမရော ယွန်းဟာပါ ဆတ်ကနဲ တည့်ရပ်မိလိုက်ပြီး
သတိအနေအထားဖြစ်သွားရတယ်။"လု...လုဟန်လေး။"
Hoodie ခေါင်းစွပ်ကြီးကို စွပ်ထားပြီး
အရှေ့တည့်တည့်မှာ လက်ပိုက်မတ်တပ်ရပ်နေတဲ့
ကောင်လေး။