ရင်တွေခုန်ပြီး ကြည်နူးပီတိဖြာဝေသွားရတာကို
လုဟန် မနည်း ဘရိတ်အုပ်လိုက်ရတယ်။
ပြီးတော့ အခြေအနေကို ထိန်းပြီး
အကိုလွယ်ထားလိုက်ပြီဖြစ်တဲ့ ကျောပိုးအိတ်ကို
ပြန်ဆောင့်ဆွဲယူလိုက်တယ်။"အကိုနော်...အတန်းတွေပဲ ပြေးနေတော့မှာလား။"
ကျောင်းထဲက ပြန်ထွက်ပြီး ဆံပင်သွားညှပ်တယ်ဆိုတာ
လုဟန်ခန့်မှန်းမိတာမလို့ ပြဿနာရှာလိုက်တယ်။လုဟန်ဆန္ဒအတိုင်း အကိုက
ဆံပင်ညှပ်လိုက်လို့ ကြည်နူးရတာက သက်သက်၊
အတန်းလစ်လို့ ဆူဖို့ကလည်း သက်သက်ပဲ။"အတန်းက မပြေးပါဘူး။ကိုယ်ကပြေးတာ။"
စကား အတင်းကတ်သပ်ပြောတဲ့နေရာမှာတော့
အကိုက ပထမရဲ့ အရှေ့နေရာကို ဦးထားပုံပဲ။"ဒါနဲ့ အကိုက ဘာလာလုပ်တာလဲ။
ကျွန်တော့်အတန်းရှေ့ကို။"ခပ်သွက်သွက်လျှောက်ရင်း လုဟန်မေးလိုက်တယ်။
"ဘေဘီလေးကို တွေ့ချင်လို့။"
လုဟန် သွားနေရာက ရပ်ပစ်လိုက်တော့
အကိုကလည်း တုံ့ကနဲ။"ပိုမလာနဲ့နော်။
အတန်းထဲက လူတွေက အကို့ကိုအမြင်မကြည်ဘူး
သိရဲ့လား။
ဒီလိုကြီး ခဏခဏ လာနေမယ်ဆိုရင်
ကျွန်တော်လည်း အနေကြပ်တယ်။"ပြောစရာရှိတာတော့ အပြတ်ပြောရမည်ဖြစ်သည်။
အကိုက ဒီလို ကြပ်ကြပ်လုပ်ရင်
လုဟန် ထပ်ပြီး မူနိုင်ဖို့ မသေချာဘူး။"ဟော ..ကိုယ်လာတာ တစ်ရက်ပဲ ရှိသေးတယ်။
ဘေဘီလေးက နောက်နေ့တွေအတွက်ပါ
ကြိုပူနေတာလား။"စကားမှားသွားတဲ့ လုဟန်ကို
အကိုက ချည်ပြီး တုပ်ပြီး စကားနဲ့ အနိုင်ယူတယ်။ဘာပြောရမလဲမသိတော့ဘဲ
လုဟန် တိတ်ဆိတ်သွားမိတော့
အကိုက မျက်ခုံးပင့်ပြလာတယ်။"အကိုနော်...ကပ်မပြောနဲ့။
ပြီးတော့ ကျွန်တော့်ကို အဲ့လိုကြီး မခေါ်နဲ့။
ရှက်တယ်....""ရှက်တယ်...?? "
မသိနားမလည်သလိုပုံစံနဲ့ မေးခွန်းထုတ်လာတော့
လုဟန် မတုံ့ပြန်တတ်။