"ဆယ်ဟွန်းတစ်ကောင် ဒီအရှေ့ လာမထိုင်တော့ပါလား။"
ကားဆရာက လုဟန်သိများသိမလားဆိုတဲ့သဘောနဲ့
စကားစပြီး မေးလာပေမယ့် လုဟန် ပြန်မပြောမိဘူး။လုဟန်လည်း မသိဘူးလေ။
အကို ဘာလို့ အရှေ့ကို လာမထိုင်သလဲ ဆိုပြီးတောင်
လုဟန်မှာ အကျိတ်အနယ်တွေးနေရတယ်။လုဟန်မှာတော့ အကိုများ အနားလာထိုင်ရင်
ဘယ်လိုရင်ဆိုင်ရမလဲဆိုပြီး ဖိန်းတိန်းပူရှိန်းခဲ့ရပေမယ့်
အကိုကတော့ လုဟန်အနားကို ယောင်ပြီးတောင်
မလာခဲ့ဘူး။တကယ်ဆို မျက်နှာချင်းမဆိုင်ချင်ရမယ့်သူက
လုဟန်မဟုတ်ဘူးလားဟင်။လုဟန်ကသာ အဖြေပေးရမှာစိုးလို့ ကြောက်နေရမှာ
မဟုတ်ဘူးလား။အကို့ဘက်ကတော့ ရှောင်ခွင့်မရှိဘူးလေ။
အခုချိန်မှာ လုဟန်ဆီက အဖြေရဖို့
အကို အပတ်တကုပ်ကြိုးစားသင့်နေတာကို။// ကြည့်ကျပ်မူနော်
ဟိုက မင့်ကို စိတ်ကုန်သွားမှဖြင့် // တဲ့။ကျန်းက စနောက်ပြီးအဲ့လိုပြောခဲ့တယ်။
အဲ့တုန်းကတော့ လုဟန်က အကိုဝယ်ပေးထားသမျှ
မုန့်တွေကို ကြွားနေရလို့ အဲ့စကားကို
လေးလေးနက်နက် နားမထောင်ခဲ့။ကိုယ့်ကိုကိုယ်ယုံကြည်မှု လွန်ကဲမိနေတာများလား။
လုဟန်က အဖြေမပေးချင်လို့ မပေးသေးရင်တောင်
အဖြေဆက်တိုက်တောင်းနေဖို့က အကို့တာဝန်လေ။အခုလို ရှောင်သွားတာကရော ဘာလဲ။
စိတ်ကုန်သွားတာလား။လုဟန် အတွေးတို့နဲ့ ပူလောင်ရပါတယ်။
ရင်ခုန်ပြီး ကုန်ဆုံးခဲ့ရတဲ့ အိမ်ပြန်ချိန်တွေဟာ
ဒီနေ့မှာတော့ မလှမပနဲ့ အကျည်းတန်ဆန်လှပါရဲ့။လုဟန်အတွေးများနေတုန်းပဲ
လက်ခေါက်မှုတ်သံ ကြားလိုက်ရပြီး
ကားကလည်း လမ်းဘေးမှာ ထိုးရပ်ပြီးသား။"ဘာလို့ရပ်လိုက်တာလဲဟင်။"
လုဟန် ဘေးတွေကို လှည့်ပတ်ကြည့်ပြီး မေးလိုက်ရတယ်၊