ဖြေဆိုချိန်ပြီးရန် ၂၀ မိနစ်အလို
ဆယ်ဟွန်း နာရီကို ကြည့်ကာ စာသင်ခန်းထဲသို့
တစ်ချက် ပြန်လှမ်းကြည့်လိုက်တယ်။
နောက်ဆုံးအတန်းရဲ့ ထောင့်စွန်းခုံမှာ ဖြေနေတဲ့
ဘေဘီလေးကတော့ သူ့စာသူ အာရုံစိုက်ရေးနေရလို့
သူ့ကို မြင်တောင်မမြင်။တစ်ချက်တစ်ချက် စုကျုံ့သွားတဲ့ မျက်ခုံးလေးတွေအပြင်
နှုတ်ခမ်းတစ်ချွန်ချွန်နဲ့လည်း စာငုံ့ဖတ်နေသေးတာ။
စာရွက်အပိုလည်းတောင်းရင်း နာရီကိုလည်း ငုံ့ကြည့်နေသေး၊"ဒီမှာ စီနီယာ ဖယ်ပေးပါအုံး။"
အထဲကို ငေးကြည့်နေရာကနေ အသံတစ်ခုကြောင့်
ဆယ်ဟွန်း သတိပြန်ကပ်သွားတယ်။ပေါတောတော အတန်းခေါင်းဆောင်ကောင်လေးက
ဆယ်ဟွန်း ကျောနဲ့ဖိမိထားတဲ့ ကျောပိုးအိတ်ကို လာဆွဲနေတာ။ဆယ်ဟွန်းက သူ့ကျောပိုးအိတ်တင်ထားတဲ့
ဝရန်တာဘောင်ကို မှီထားမိတာကိုး။"ဖြေနိုင်လား။"
"အမ်..မ. မ ဆိုးပါဘူး။"
စာရေးကိရိယာတွေကို အိတ်ထဲထိုးထည့်နေတဲ့ ကောင်လေးက
ဆယ်ဟွန်း မေးလိုက်တော့ ခပ်တိုးတိုးပြန်ဖြေတယ်။"အဟမ်း..စီနီယာက ဘာလို့အစောကြီးထွက်လာတာလဲ။"
သူက ဆယ်ဟွန်းဘေးမှာ အသာယှဉ်ရပ်ကာ မေးလာပါတယ်။
သူသည်လည်း အထဲက တစ်ယောက်ကို စောင့်နေပုံပဲ။"ကုန်သွားလို့ပေါ့ဟ"
အထဲကို အကြည့်မပျက်ဘဲ ဆယ်ဟွန်း ဖြေလိုက်တယ်။
"ဟင် .... ၃နာရီမေးခွန်းကို
တစ်နာရီခွဲတည်းနဲ့ ကုန်အောင်ဖြေနိုင်တာလာ....Wow..."ဟန်မဆောင်နိုင်စွာ အံ့သြတဲ့ အူကြောင်ကြားကြောင့်
ဆယ်ဟွန်း ဘာမှပြန်မပြောတော့ဘဲ
ငြိမ်ပြီးသာ မသိချင်ယောင်ဆောင်နေမိတော့တယ်။နေပါစေ..သူ့အရှိန်လေးနဲ့ သူလွှတ်ထားလိုက်တာ ကောင်းတယ်။
ငယ်ငယ်တည်းက အဲ့လိုပဲ။
ရုပ်ခံလေးရှိတော့ စာမရဘူးပြောရင် ဘယ်သူမှမယုံကြဘူး။