Part 2

6K 267 1
                                    

[Zawgyi]

Xie Mingမတ်တပ်ရပ်ချင်ပေမဲ့သူမခြေထောက်အလွန်နာကျင်နေခဲ့တယ်။သူမတစ်ခုခု​ပြောချင်ပေမဲ့မပြောနိုင်ခဲ့ဘူး။သူမရဲ့ပါးပြင်တစ်ခုလုံးမျက်ရည်တွေလွှမ်းမိုးနေခဲ့တယ်။

သူမမတ်တပ်ရပ်ဖို့ကြိုးစားနေစဉ်မှာပဲ သူမရဲ့ညီမ(XieYurin) သူမရှေ့သို့လာပြီးလက်ကိုလှမ်းကာ "အမရေ ထပါ"

Yurinရဲ့လက်ကိုကိုင်ပြီး Mingလည်းမတ်တပ်ရပ်လိုက်သည်။ ဒါပေမဲ့ yurinကသူ့ရဲ့လက်ကိုtissueနဲ့ပြန်သုတ်နေတယ်။

Xie Mingတစ်ယောက်သူ့ညီမကိုအံ့သြစွာကြည့်နေပြီးChen Siquanကိုလှမ်းကြည့်လိုက်ကာ.."နင်တို့နှစ်ယောက်.." သူမပြောလို့မဆုံးခင် သူမရဲ့ညီမက"အမ ဒါအခုမှအစပဲရှိသေးတယ်)

Xie Mingလည်းYurinဘာကိုပြောချင်တာလည်းဆိုတာနားလည်ဖို့ကြိုးစားခဲ့တယ်။ သူမ တွေးရင်းတွေးရင်း Chen Siquanပြောတာကို ပြန်ကြားယောင်လာတယ် "ငါမင်းကိုလက်ထပ်မယ်ထင်နေတာလား? ငါမင်းကိုတကယ်စိတ်ဝင်စားတယ်ထင်နေတာလား? ဟဟ.. မင်းကိုယ်မင်းထင်ကြီးလွန်းနေပြီ ငါကမင်းကိုအရူးလုပ်နေတာကွ။ မင်းကငါ့ရဲ့Yurinရှေ့မှာဆို ဘာမှမဟုတ်ဘူးကွ။"

Chen Siquanရဲ့စကားတွေကိုကြားပြီး သူမဆွံအသွားခဲ့တယ်။ အံကြိတ်ပြီး Chen Siquanရဲ့အင်္ကျီကိုဆွဲကာအော်လိုက်သည် "ဘာလို့လဲ Siquan..ဘာလို့လဲ? ဘာလို့ဒီလိုလုပ်ရတာလဲ? ကျွန်မရှင့်ကိုတကယ်ချစ်ခဲ့တာ..ရှင်ဒီလိုမလုပ်ပါနဲ့.."

ရုတ်တရက် YurinကMingကိုတွန်းလိုက်သည်။

"နင့်လက်ကိုငါ့ယောကျာ်းဆီကဖယ်လိုက်စမ်း" Yurin အော်လိုက်သည်။

ခန်းမထဲမှာရှိတဲ့သူတွေအကုန်လုံးကို အံ့အားသင့်စေခဲ့တယ်။ ခန်းမထဲကဧည့်သည်တွေ တစ်ယောက်နဲ့တစ်ယောက် ကောလဟာလတွေ ပြောနေကြတယ်။

Xieအဖေ ဟာလုံးဝကိုရှော့ပ်ရသွားခဲ့ပြီး သူတို့ပြောနေတာကိုမယုံနိုင်ဖြစ်ခဲ့တယ်။

သူ့ကိုယ်သူ အသိစိတ်ပြန်ဝင်အောင်လုပ်ပြီး xie yurinဆီသို့လျှောက်သွားကာ

*ဖြန်း* သူမဖခင်ရဲ့ ရိုက်ချက်ဟာ ခန်းမတစ်ခုလုံးကိုကျယ်လောင်သွားခဲ့တယ်။ Yurinဟာရှင်းပြကြိုးစားနေစဉ် နောက်ထပ်တစ်ချက်ထပ်ရိုက်ခံရလေတယ်။

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now