Part 16

1.7K 168 3
                                    

[Zawgyi]

Xie Ming ရေချိုးခန်းထဲမှ ထွက်လာရော အိပ်ယာပေါ်မှာ ဝတ်စုံအသစ်ကို တွေ့လိုက်ပါတယ်။ သူမအရမ်းကိုအံသြခဲ့တယ် သူမမှာ လဲစရာအဝတ်မရှိတာကို သူသိလို့ပဲ.. သူရဲ့ သူမအပေါ် ဂရုစိုက်မှုတွေကြောင့် သူမရဲ့စိတ်ကိုနွေးထွေးစေခဲ့တာပေါ့။

သူမရဲ့အဝတ်ကိုအမြန်လဲ လိုက်ပြီး အောက်ထပ်ကိုဆင်းသွားလိုက်တယ်။
...
သူမအောက်ထပ်လည်းရောက်ရော Singtan ကိုစပြီးရှာသော်လည်း သူ့ကိုမတွေ့ခဲ့ဘူး။ သူမစိတ်တွေ လှုပ်ရှားပြီး စိုးရိမ်နေတယ်။ သူမဘာတွေစိုးရမ်နေလည်း သူမကိုယ်တိုင်လည်းမသိခဲ့ဘူး။ သူမစိုးရိမ်နေတာကိုမြင်သွားတဲ့ ဘဏ္ဍာစိုးchangဟာ သူမဆီသို့ လျှင်မြန်စွာလာပြီး "သခင်မလေး သခင်လေးကို ရှာနေတာလား?"
Xie Ming ခေါင်းငုံပြလိုက်သည်။
"သခင်လေး ဥယျာဉ် ထဲမှာရှိပါတယ်"
သခင်လေးကိုရှာနေတဲ့ သခင်မလေးကို အဲ့အကြောင်းပြောပြီး ထွက်ပါတယ်။

Xie Mingလည်း ဥယျာဉ် ထဲကိုမြန်မြန်သွားတော့တာပေါ့။ ဥယျာဉ် ထဲလည်းဝင်ရော Singtan ကိုတွေ့ခဲ့တယ်။ လရောင်အောက်မှာ ရပ်တဲ့သူဟာ အရမ်းကိုကြည့်ကောင်းနခဲ့တယ်။ သူဘေးကို အမြန်သွားပြီး "ရှင်ဘာတွေတွေးနေတာလဲ?"
သူမရဲ့အသံလည်းကြားရော လှည့်ကြည့်လိုက်မိတာပေါ့ သူမကိုမြင်ပြီး ဘာမှမပြောပဲပြုံးနေခဲ့တယ်။ သူမရဲ့မေးခွန်းကိုမဖြေခင် သူမရဲ့ဆံပင်က ရေတွေစိုနေသေးတာကို သတိထားမိတော့ "မင်းရဲ့ဆံပင်တွေဘာလို့ရေစိုနေတာလဲ? ဘာလို့မင်းရဲ့ဆံပင်ကို ခြောက်အောင် ဆံပင်မှုတ်စက်နဲ့အရင်မမှုတ်တာလဲ မင်းအအေးမိလိမ့်မယ်"

သူမအလွန်အံသြသွားခဲ့တယ် သူဟာဒီလိုကိစ္စသေးသေးလးကအစ ဂရုစိုက်လိမ့်မယ်လို့ သူမမထင်ခဲ့လို့ပဲ။ သူရဲ့မျက်လုံတွေက သူ သူမကို အရမ်းဂရုစိုက်တယ် ဆျုတာ ဖော်ပြနေတယ်။

Xir ming ဆံပင်မှုတ်စက်မသုံးတာ ကြာလှပါပြီ။ chen Siquanက ဆံပင်မှုတ်တဲ့စက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာကြောင့် အဲ့ကတည်းက မသုံးတော့တာဖြစ်တယ်။ သူမအရင်က ဆံပင်ကိုခြောက်အောင်မသုတ်တာကြောင့် ခဏခဏ အအေးမိလိုက် နှာစေးလိုက် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သူမကို siquanဟာ ဂရုတောင်မစိုက်ခဲ့ဘူး။

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now