[Zawgyi]
Yurinရဲ့အပြောဟာ Mingကိုဒေါသပိုဖြစ်စေတယ်။ သူမYurinကိုအော်လိုက်တယ် "နင်ငါတို့နားကိုလာရဲလာကြည့်" ခန်းမထဲကလူတွေအကုန်းလုံးရဲ့ဟာMingကိုကြည့်နေကြတယ်။ Yurinလည်းဆက်မတိုးရဲဘဲ နောက်သို့ခြေတစ်လှမ်းဆုတ်သွားသည်။
Xie Yurinလန့်နေတာကိုXieMingသတိထားမိပြီး " ဘာလို့လဲ? နင်ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ? ငါနင့်ကိုမတရားတာဘာမှမလုပ်ခဲ့ဘူး? ငါနင့်ကိုမြတ်မြတ်နိုးနိုး ချစ်ခဲ့တယ် နင်ကဘယ်လိုတောင်လုပ်နိုင်ရတာလဲ"
Yurinသည် ဟန်ဆောင်ပြုံး၍ပြောလိုက်သည် "အမ ငါ့ကိုမတရားတာတွေ မလုပ်ဘူးဆိုတာ သေချာလို့လား " Xie Mingအလွန်စိတ်ရှုပ်ထွေးသွားခဲ့တယ် ငါသူ့ကိုဘာမကောင်းတာလုပ်ခဲ့လို့လဲ..ဘယ်လောက်ပဲစဉ်းစား စဉ်းစားလို့မရခဲ့..
Yurinဟာလှောင်ရယ်ပြီးပြောလိုက်တယ် "နင်ကအမြဲတမ်းငါ့ဆီကအရာအားလုံးကိုယူသွားခဲ့တယ် နငငါ့ကိုဘယ်အရာမှမပေးခဲ့ဘူး ငါ့ကိုအထင်သေးတယ်။ လူတွေကနင့်ကိုပဲ အထင်ကြီးနေကြတယ်။ ငါ့ကိုနင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးလို့ထင်ကြတယ်။ ငါရသင့်တာကိုနင်ပဲရနေတယ် နင်ဖြစ်ချင်တာတွေဆိုဖြစ်ရပြီး ငါကြတော့မဟုတ်ခဲ့ဘူး။ နင်ကြတော့အမေနဲ့နောက်ဆုံးအချိန်တွေ့ခွင့်ရပြီး ငါကြတော့အဒေါ်ဆီပို့ခံခဲ့ရတယ်။ အမေဆုံးပြီးတာတောင် နင်ကအဖေကိုနင်ဘက်မှာပဲ ရပ်တည်စေချင်တယ်ပေါ့ ငါနင့်ကိုအရမ်းမုန်းတာပဲအမရေ"
Xie Mingလည်းဘာပြန်ပြောရမလဲ မသိခဲ့.."နင်အဲ့လိုခံစားရတာလား..ငါ့လုပ်ရပ်တွေကအဲ့လိုဖြစ်နေခဲ့တာလား"... "အဖေကနင့်ကိုပဲချစ်တာ..ဘာလို့လည်းဆိုတော့အမေကနင့်ကိုပိုချစ်လို့လေ.. အဖေဆိုအမြဲတမ်း နင့်ကိုပဲအရေးလုပ်တယ်။ ငါလည်းနိုင်ငံခြားမှာကျောင်းတက်ချင်ပေမဲ့ ငါ့ကိုအခွင့်အရေးတောင်မပေးခဲ့ဘူး"
အဖေXie ဒီစကားတွေကိုကြားပြီးနောက် yurinဆီလာကလက်ကိုကိုင်လိုက်ပြီး "မဟုတ်ဘူး သမီး..ဒီအရာတွေကမမှန်ဘူး။ အဖေမင်းတို့နှစ်ယောက်ကို တန်းတူချစ်ပါတယ်။ အဖေလည်းမင်းကို နိုင်ငံခြားမှာကျောင်းသွားတက်စေချင်ပေမဲ့ အဲ့အချိန်တုန်းက သမီးခဏ ခဏဖျားတတ်လို့ပါ အဖေလည်းသမီးကိုစိတ်ပူလို့ မသွားခိုင်းတာပါ။ သမီးရဲ့အမကိုအပြစ်မတင်ပါနဲ့တော့။"
YOU ARE READING
ထာဝရအတူ (မြန်မာဘာသာပြန်)
RomanceI don't own this story⛔ Credit_to_Author💯 Myanmar Translation🇲🇲 Translate_by_Mochi☃ Zawgyi and Unicode✔