[Zawgyi]
.....
.....
➖➖➖➖➖➖➖➖➖➖➖➖
[Unicode]ထပ်ပြီးတော့ "ငါ့ယောကျာ်း" ဆိုတဲ့စကားလုံးက xie mingကို ပိုပြီးစိတ်ဆိုးစေခဲ့တယ်။
"အမ အခုလောက်ဆိုSiquanကဘယ်လိုလုပ်ကျွန်မယောကျာ်းဖြစ်နေလဲဆိုတာ အံ့သြနေရောပေါ့ ကျွန်မတို့ဘယ်လိုလက်ထပ်ဖြစ်ခဲ့လဲ ဘယ်လိုဖြစ်နိုင်မှာဆိုပြီးတော့ပေါ့"Yurinရဲ့စကားကိုကြားပြီး Mingအသိစိတ်ကိုပြန်ထိန်းချုပ်ပြီး "ဘယ်အချိန်ကတည်းကလဲ? ဘယ်လိုကြောင့်လဲ? ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ"
"ကျွန်မတို့လက်ထပ်တာသုံးနှစ်တောင်ရှိသွားပြီ"ဘာ!! သုံးနှစ်!! သူတို့လက်ထပ်တာသုံးနှစ်တောင်ရှိပြီ?? ငါSiquanကိုသိတာလည်းသုံးနှစ်ပဲရှိသေးတာလေ။ ဒါဆို သူတို့အဲ့မတိုင်ခင်ကတည်းက လက်ထပ်ပြီးသားပေါ့"
ငါသစ္စာဖောက်ခံနေရတယ်လို့ခံစားနေရတယ်။ ငါ့ရဲ့နောက်ကျောကိုဓားနဲ့ထိုးခံရသလိုခံစားနေတယ်။ "ဘာလို့လဲyurin? နင်ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ? ငါတို့တွေကညီအမတွေနော် နင်ဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ?"
သူမရဲ့ဒေါသ ၊ သူ့မရဲ့သညီမဆီကသစ္စာဖောက်ခံရခြင်းရဲ့နာကျင်မှုတွေ သူမချစ်သူရဲ့ဖောက်ပြန်မှုတွေဟာ သူမကိုအရမ်းခံစားစေခဲ့တယ်။
"ဘယ်လိုခံစားရလဲ အစ်မ တစ်ယောက်ယောက်ကကိုယ်အရမ်းချစ်ရတဲ့သူကိုလုယူသွားရင် ၊ ကိုယ်အရမ်းချစ်ရတဲ့သူကိုဆုံးရှုံးရရင် ၊ စိတ်တိုပြီး ပေါက်ကွဲချင်နေတယ်မလား ၊ ဒါတွေကျွန်မဘဝတစ်ခုလုံး ခံစားရခဲ့ပြီးပြီး နင်ကိုလည်းငါခံစားနေချင်တယ် ဒါကြောင့်မလို့ငါSiquanနဲ့ဒီလိုတွေလုပ်နေတာ။
.....
Chen Siquanနဲ့Xie Yurinတို့ဟာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက သူငယ်ချင်းတွေရဲ့partyမှာတွေ့ဆုံကြပြီး တွဲခဲ့ကြတယ်။ သူမဟာသူ့အပေါ်ဂရုဏာထားပြပြီး ယုံကြည်မှုကိုရယူကာ လက်စားချေဖို့တောင်းဆိုပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ Yurinဟာသူမကိုလက်ထပ်ဖို့Siquanကိုပြောပါတော့တယ်။Siquanတစ်ယောက် သူမရဲ့အလှနဲ့မာယာအောက်မှာ နစ်မျှောပြီး လက်ထပ်ဖို့သဘောတူခဲ့တယ်။ သူတို့၂ယောက်လက်ထပ်ပြီးနောက် သူမရဲ့အစီအစဉ်ကိုပြောပါတော့တယ်။ သူမကိုမဝမ်းနည်းစေချင်တာကြောင့်သူမပြောသမျှကိုလက်ခံခဲ့ပါတယ်။ သူမကိုသူ့အဖေက မျှမျှတတမဆက်ဆံတဲ့ကိစ္စကိုကြားပြီးသူလည်းစိတ်တိုခဲ့ပါတယ်။
.....
➖➖➖➖➖➖➖➖➖➖➖
Part 4 (B) to be continue~~If you enjoyed reading, don't forget to (vote) for me pls.😁
ဖတ်ရတာကြိုက်နှစ်သက်တယ်ဆိုရင် (vote) လေးပေးခဲ့ပါဦးနော်။😁
Vote⭐
⏬
YOU ARE READING
ထာဝရအတူ (မြန်မာဘာသာပြန်)
RomanceI don't own this story⛔ Credit_to_Author💯 Myanmar Translation🇲🇲 Translate_by_Mochi☃ Zawgyi and Unicode✔