Part 8 (A)

2.4K 215 2
                                    

[Zawgyi]





➖➖➖➖➖➖➖➖➖➖➖➖
[Unicode]

သူမအဲ့စကားကိုကြားပြီး ရှော့စ်ဖြစ်သွားသလို စိတ်ရှုပ်သွားခဲ့ပါတယ်။ "သူဘာလို့ငါ့ကိုလက်ထပ်ခွင့်တောင်းတာလဲ? သူငါ့ကိုသိတာလား? နေပါဦး သူဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ? သူငါ့နောက်လိုက်လာတာလား?"
စိတ်ဓာတ်ကျ​နေတဲ့သူမကိုကြည့်ရင်း...ရုတ်တရက် Li Singtanဟာ ချောက်ကမ်းပါးနဲ့ဝေးရာကို ဆွဲခေါ်သွားပါတော့တယ်။ သူမလည်းရုတ်တရပ် သူ့ရင်ဘတ်ပေါ်သို့ တိုးဝင်မိခဲ့တယ်။ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး Singtanဟာ သူမကို တင်းကြပ်စွာ ဖက်ထားလိုက်ပါတော့တယ်။

သူ့ရဲ့လုပ်ရက်ဟာ သူမကိုရှော့ပ်ရစေခဲ့ပါတယ်။ သူမသူ့ကိုတွန်းဖို့ကြိုးစားခဲ့ပေမဲ့ သူဟာတစ်ခုခုကိုစိုးရိမ်ပြီး သူမကိုတင်းကြပ်စွာဖက်ထားတာကို သူမသတိထားမိခဲ့တယ်။ (သူမကိုဆုံးရှုံးရမှာကြောက်လို့ပါ) ပြန်ဖိုက်လို့လည်းမရနဲ့ သူမရုန်းကန်ဖို့မကြိုးပဲ စိတ်လျော့စွာ​နေဖို့ဆုံးဖြတ်ခဲ့တယ်။

အချိန်တွေအကြာကြီးသူမကိုဖက်ပြီးတဲ့နောက်မှာတော့ သူမကိုလွတ်ပေးပြီး "မင်းအဆင်ပြေရဲ့လား?" Xie Ming သူ့ကိုကြည့်လိုက်တဲ့အချိန်မှာ သူမကိုကြည့်တဲ့သူ့ရဲ့မျက်ဝန်းတွေက ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေတယ်။ "ရှင်ကဘယ်သူလဲ?" သူမရဲ့မေးခွန်းကိုကြားပြီး တခစ်ခစ်ရယ်၍  "နတ်သမီးလေး..မင်းကိုယ့်ကိုဘယ်လိုခေါ်ချင်လို့လဲ ကိုယ်ဖြစ်ဖို့ဆန္ဒရှိပြီးသားပါ" Xie Mingလည်းဘာပြန်ပြောရမှန်းမသိဖြစ်သွားပါတော့တယ်။

"ကိုယ်မင်းကို ကူညီဖို့လာတာပါ။ ကိုယ်မင်းကို Chenနဲ့မင်းညီမကို လက်စားချေဖို့ကူညီပေးနိုင်တယ်" "ရှင်ဘာလို့အဲ့လိုလုပ်စေချင်တာလဲ ဘာလို့ကျွန်မကူညီချင်ရတာလဲ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်လည်းမသိကြပဲနဲ့"
Singtan သူမကိုအမှန်တိုင်းပြောပြချင်ခဲ့တယ်။ သူမအတွက်ဆိုဘာမဆိုလုပ်ပေးချင်တယ် ဘာလို့လဲဆိုတော့ သူမကိုချစ်လို့ပဲ ဒါပေမဲ့ ဒီအချိန်ကသူမကိုပြောဖို့အချိန်မကျသေးဘူး။

"ကိုယ်တို့ရဲ့ရန်သူကအတူတူပဲ ဒီအကြောင်းပြချက်ကလုံ့လောက်လား?"
"လုံလောက်လွန်းလို့ ရှင့်ကိုလက်ထပ်ရမှာလား? မဖြစ်နိုင်တာ"
➖➖➖➖➖➖➖➖➖➖➖➖
Part 8 (B) to be continue~~

If you enjoyed reading, don't forget to (vote) for me pls.😁

ဖတ်ရတာကြိုက်နှစ်သက်တယ်ဆိုရင် (vote) လေးပေးခဲ့ပါဦးနော်။😁

Vote⭐
  ⏬

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now