Part 12

2.2K 214 8
                                    

[Zawgyi]

Xie Mingတစ်ယောက်တွေဝေနေတာကိုကြည့်ပြီး Singtanက သူမဘာ​တွေ ​တွေးနေလဲဆိုတာသဘော​ပေါက်ခဲ့တယ်။ သူမအနားသို့သွားပြီး ခေါင်းကိုအသာလေး ပုတ်ပေးရင်း "မင်းဘာတွေစိတ်ရှုပ်နေတာလဲ အရမ်းမတွေးပါနဲ့တော့ ကိုယ်တို့လက်ထပ်ပြီးပြီ မင်းကလည်းကိုယ့်ရဲ့ဇနီးဖြစ်ပြီပဲ။ ကိုယ်တို့လက်ထပ်ရတဲ့ အခြေအနေကိုသိပေမဲ့ ကိုယ်ကတိပေးပါတယ်..ကိုယ်မင်းအပေါ်မဖောက်ပြန်ပါဘူး ၊ စိတ်ဆင်းရဲအောင်လည်းမလုပ်ဘူး ၊ အခြားမိန်းကလေးတွေနားလည်းမကပ်ပါဘူး။ ကိုယ်ပြောထားတဲ့အတိုင်း မင်းကလဲ့စားချေနိုင်အောင် ကူညီပေးပါ့မယ်။"

ထိုစကားကိုကြားပြီးသူမစိတ်အနည်းငယ် သက်သာရာရခဲ့ပါတယ်။ "ကျွန်မလည်းကတိပေးပါတယ် အခြားယောကျာ်းတွေနားမကပ်ဘူးလို့.. ပြီးတော့ အကောင်းဆုံးအိမ်ထောင်ဘက်ဖြစ်အောင်ကြိုးစားပါမယ်။"
သူမရဲ့စကားကိုကြားပြီးဝမ်းသာသွားခဲ့တယ် "ကိုယ်တို့သွားကြရအောင်" ကားသို့ခေါ်သွား..
"ဘယ်ကိုထပ်သွားဦးမလို့လဲ"
ပြုံး၍ "မင်းရဲ့မင်္ဂလာဦးညကို ဒီရုံးဘေးမှာကုန်ဆုံးချင်တာမဟုတ်လောက်ပါဘူးနော်? မင်းအတွက်အဆင်ပြေတယ်ဆိုလည်း ကောင်းပြီးလေ ကိုယ်ကတော့ပြသနာမရှိပါဘူး"

Singtan စတာခံရတော့ Xie Mingမျက်နှာကြီးနီရဲလာတာပေါ့။ "အရှက်မရှိတဲ့လူ ရှင်ကျွန်မကိုစတာများနေပြီ"
"ဘယ်လို? ကိုယ်ကမင်းနဲ့မင်္ဂလာဦးညကိုတူတူဖြတ်သန်းချင်တယ်ပြောတာပါ ဟိုကိစ္စကိုမပြော... အေးပေါ့လေ မင်းကအဲ့လိုယူဆတယ်ဆိုတော့လည်း မင်းဆန္ဒရှိရင် ကိုယ့်အတွက်ပြသနာမရှိပါဘူး" :')
သူမမျက်နာကိုလက်နဲ့ဖုံးပြီး "အား..ကျွန်မရှင့်ဆီကဘာမှမလိုချင်ဘူး"
သူမရဲ့ချစ်စရာကောင်းတဲ့အမူအရာကြောင့် မရယ်ပဲမနေနိုင်ဖြစ်နေခဲ့ပြီး ကားထဲသို့ဝင်သွားကြတယ်။

Zihaoက သူတို့ပြောတာကိုကြားပြီး 'အာ bossကတော့တကယ်ပါပဲ'
"ဘယ်ကိုလဲဗျာ"
"အိမ်" ပြောပြီးချက်ချင်း သူ့မိန်းမဘက်သို့လှည့်ပြီး "ကိုယ်တို့အိမ်အရင်ပြန်ရ​အောင် ရေချိုးသန့်စင်ပြီးရင် မင်းရဲ့အဖေကိုသွားတွေ့ကြမယ်"
ငါ့ရဲ့အဖေ? ငါအဖေကိုတစ်ယောက်တည်းထားခဲ့မိပြီပဲ
"ဘာလို့လဲ"
"ကောင်းပြီလေ မင်းခန်းမကြီးကနေထွက်ပြေးလာပြီးသေကြောင်းကြံတယ် မင်းအဖေကမင်းရဲ့အမကို သူ့သမီးအဖြစ်ကနေစွန့်လွတ်တယ် Chen Siquanကလည်း Chenနဲ့Xie မိသားစုကြားကလုပ်ငန်းကိုလည်း အဆုံးသတ်တယ်။ Xieလုပ်ငန်းကလည်း ဒေဝါလီ ခံရလုနီးပါးဖြစ်ခဲ့ရတယ်။"
"အဲ့တာ ကျွန်မကြောင့်ဖြစ်ရတာပါ"
"ဟုတ်တယ် အဲ့တာမင်းကြောင့် Siquanနဲ့လက်ထပ်ဖို့ဘာလို့လက်ခံခဲ့တာလဲ? မင်းရဲ့ဦးနှောက်သေးသေးလေးက ​ယောကျာ်း တွေအကြောင်းမသိသေးဘူးပဲ"

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now