[Zawgyi]
Xie Mingဟာ သူနဲ့ဝေးရာကိုမြန်မြန်လေး ရွေ့လျားလိုက်ကာ "တကယ်တော့.. ကျွန်မ သန့်စင်ခန်း သွားမလို့ပါ"
Singtan လည်းမယုံသကာင်္မျက်လုံနဲ့ကြည့်ပြီး "ကောင်းပြီးလေ ကြည့်ရတာမင်းမှာ မျက်လုံးပြသနာရှိတယ်နဲ့တူတယ်" လို့ပြောပြီး အခန်းထဲက သန့်စင်ခန်းရှိရာသို့ လက်ညိုးထိုးပြလိုက်သည်။Xie Mingလည်း ရုတ်တရက် ထရယ်ပါတော့တယ်။ "ဟားဟား... ကျွန်မလည်းတော်တော်ရူးတာပဲ ဒီလောက်နီးနီးလေးကိုမမြင်ဘူး ဟီး.. တာ့တာ" သန့်စင်ခန်းသို့ ပြေးဝင်သွားပြီး တံခါးကိုမြန်မြန်လိုက်တယ်။
Singtan ကတော့ တစ်ခုခုပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိခဲ့ပါတယ်။ သူမရဲ့ပုံစံဟာ ထူးဆန်းနေလို့ပါပဲ။ သန့်စင်ခန်းသို့လျှောက်သွားပြီး တံခါးကိုခေါက်ကာ "Xie Mingရေ.. ကိုယ့်ကိုပြောပါ ဘာဖြစ်လို့လဲ? မင်းဘာလို့ထူးဆန်းတာတွေလုပ်နေတာလဲ?"
သန့်စင်ခန်းထဲက Xie Mingကတော့အရမ်းကိုရှက်နေခဲ့ပြီး 'ငါဘာဖြစ်လို့အရူးလိုတွေပြုမူနေတာလဲ သူပြောတာလဲ ဟုတ်တာပဲ ငါကတကယ့်ကို ပဲစေ့ဦးနှောက်လေးပဲရှိတာပဲ'
ငါမြန်မြန်တံခါးဖွင့်လိုက်တာကောင်းမယ်..
သူမ တံခါးကိုဖွင့်လိုက်သည်..
"မင်း ဘာဖြစ်လို့လဲ"
"ဟင်.. ဘာမှမဖြစ်ပါဘူး"
Singtan လည်းဆက်မမေးတော့ပဲ စကားလွဲဖို့ဆုံးဖြတ်လိုက်တယ်။
"မင်း ဒီအိမ်ကိုသဘောကျရဲ့လား"
Xie Mingဟာသူ့ကို စဖို့ဆုံးဖြတ်ခဲ့တာပေါ့။ သူ့ရဲ့ မျက်နှာအမူအရာ ဘယ်လိုဖြစ်မလဲသိချင်တာကြောင့် ရှေ့သို့တိုးပြီး "ကျွန်မအရမ်းကြိုက်တာပေါ့။ ရှင်သိလား ဥယျာဉ်ထဲမှာ ကျွန်မကြိုက်တဲ့ပန်းတွေကြီးပဲ အထူးသဖြင့် နေကြာပန်းပေါ့။"
"ဟုတ်လား.. ကောင်းတာပေါ့"
"ဒီအိမ်ထဲက အပြင်အဆင်တွေက ကျွန်မအကြိုက်နဲ့တော်တော်တူတာ ဧည့်ခန်းကအစပေါ့"
"အော် အဲ့လိုလား"
"အထူးသဖြင့် ဒီအိပ်ခန်း ခန်းစည်း ၊ အခန်းနံရံအရောင် ၊ မီးအိမ်ကအစ ကျွန်မအကြိုက်နဲ့လာတူနေတယ်"Singtan သူ့ရဲ့ဂုတ်အင်္ကျီကိုချွတ်လိုက်ကာ စိတ်ထဲတွင် 'ဒီလောက်ဆို သူမ သတိထားမိလောက်ပြီထင်ပါတယ်'
"ဟုတ်လား တိုက်ဆိုက်လိုက်တာ"
သူ့ရဲ့တုန့်ပြန်မှုကိုသတိထားမိနေသောXie mingက
"ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုမေးလို့ရမလား" "ရှင်မှာ စိတ်ရောဂါတို့ ဘာတို့ရှိတာလား"
YOU ARE READING
ထာဝရအတူ (မြန်မာဘာသာပြန်)
RomanceI don't own this story⛔ Credit_to_Author💯 Myanmar Translation🇲🇲 Translate_by_Mochi☃ Zawgyi and Unicode✔