Part 4 (B)

2.8K 207 1
                                    

[Zawgyi]

Xie Mingတစ်ယောက်Siquanကိုရူးသွပ်ခဲ့တာတွေအတွက်သူမကိုယ်သူမအရမ်းစိတ်ပျက်မိခဲ့တယ်။ သူမညီမပြောတာကိုကြားပြီးနောက် ရီရမလိုလို ငိုရမလိုလိုဖြစ်​နေလေရဲ့..
ရုတ်တရက် အဖေxieအော်ပြောလိုက်သည် "ယဉ်ကျေးမှုမရှိတဲ့ကလေးမ..မင်းဘယ်လိုလုပ်မင်းရဲ့အမအပေါ်ဒီလိုလုပ်နိုင်ရတာလဲ။ မင်းကငါ့သမီးမဟုတ်ဘူး..ငါ့သမီးကဒီလို ယုတ်မာတာမျိုးလုပ်မှာမဟုတ်ဘူး။ မင်းလို အသိတရားမရှိတဲ့သမီးကို ငါ့သမီးလို့သဘောမထားနိုင်တော့ဘူး။ ဒီနေ့ကစပြီး မင်းက Xieမိသားစုရဲ့တစ်စိတ်စပိုင်းတောင်မဟုတ်တော့ဘူး။ မင်းကို..."

အဖေxieရဲ့စကားမဆုံးခင်မှာပဲ " ဒီနေ့ xieမိသားစုနဲ့ chenမိသားစုတို့ရဲ့ လုပ်ငန်းပူးပေါင်းဆောင်ခြင်းကိစ္စက ဒီမှာအဆုံးသတ်ပြီ " ဆိုပြီးSiquan​ပြောလိုက်သည်။

" ငါဂရုမစိုက်ဘူးကွ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စလည်းငါဂရုမစိုက်ဘူး။ ဒီနေ့ဒီလိုတွေဖြစ်ပျက်နေတာတောင် ငါက Chenလုပ်ငန်းမှာ ပါဝင်ဦးမယ်ထင်နေလားကွ "

" အရမ်းလည်းစိတ်လှုပ်ရှားမနေပါနဲ့ Mr.Xie ကျွန်တော်တို့ကြားက လုပ်ငန်းကိစ္စပြီးဆုံးတာက billion 1000ကိုဆုံးရှုံးလိုက်ရသလိုပဲ..ခင်ဗျာတို့တောင် ဒေဝါလီခံရမလိုဖြစ်နေဦးမယ်။ chenလုပ်ငန်းက တခြားလုပ်ငန်းရှင်တွေနဲ့ပူပေါင်းစရာတွေမှအများကြီး အထူးတဖြင့် ကျွန်တော်တို့ဘက်မှာ Liစီးပွားရေးနဲ့ပူးပေါင်းဖို့ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က ဒေဝါလီ ပြသနာကတော့စိန်ပူစရာမလိုဘူးပေါ့ဗျာ။ ဒါကြောင့် အဓိပ္ပါယ်မရှိတာတွေနဲ့ဆုံးဖြတ်ချက်မချခင် သေချာတွေးဖို့တော့လိုမယ်Mr.Xie "

အဖေxieလည်းခဏလောက်ငြိမ်သက်သွားခဲ့တယ်။ ဒါနဲ့ တကယ်ပဲ ကုမ္ပဏီကဒေဝလီခံရတော့မှာလား?? မဟုတ်သေးဘူး အဖေကအမြဲသူ့ကလေးတွေကို အမြဲဦးစားပေးတဲ့သူမျိုး။ သူတစ်ခုခုပြောမလို့လုပ်တုန်း သူ့သမီးအကြီးမ သူ့ဘေးမှာရပ်နေတာမြင်၍..." အဖေရေ..ထားလိုက်ပါတော့ ဒါတွေသမီးကြောင့်ဖြစ်ရတာပါ သမီးအရူးလုပ်ခံရလို့ ဒီလိုတွေဖြစ်လာတာ သမီးအတွက်နဲ့အဖေ့ရဲ့လုပ်ငန်းကိုတော့ အဆုံးရှုံးမခံပါနဲ့ အဖေ "

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now