Part 6

2.5K 229 3
                                    

[Zawgyi]

Xie Xingတစ်ယောက်သူမဘယ်အချိန်ထိလမ်းလျှောက်နေလည်းတောင်မသိတော့ဘူး။ သူမတွေးနေခဲ့တာက သူမရဲ့ညီမ သူမမလုပ်တာကို အပြစ်တင်ပြောဆိုနေတာကိုပဲ။ သူမညီမကိုအရမ်းချစ်ခဲ့တယ် ၊ သူမညီမဖြစ်ချင်တာတွေလည်း လိုက်လျောပေးခဲ့တယ်။
...
သူတို့ရဲ့မိခင်ဟာ Xie Ming၁၁နှစ် ၊ Yurin၉နှစ်နဲ့ သူတို့ရဲ့မောင်လေးဖြစ်တဲ့Yufan၆နှစ် ကတည်းကဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

Xie Mingအသေအချာကြီးကိုမှတ်မိသေးတယ် သူမရဲ့မိခင် ဆေးရုံကုတင်ပေါ်မှာသူမရဲ့နောက်ဆုံးအသက်ကိုရှူရင်း "Xie Mingသမီးရေ" Mingဟာအလျင်အမြန်သူမအမေကိုလက်ကိုဆုတ်ကိုင်လိုက်ပြီး "အမေရေ" သူမစတင်မျက်ရည်ဝဲခဲ့ပြီ။

" သမီး​ရေ..အမေ သမီးကိုကော သမီးရဲ့ညီမနဲ့မောင်လေးကိုကော အရမ်းချစ်တယ်။ အမေ့မှာအချိန်သိပ်မကျန်တော့ဘူး။ အမေ့ကိုကတိပေးပါသမီးရယ် သမီးရဲ့မောင်နှမနဲ့အဖေကိုသေချာဂရုစိုက်ပါမယ်လို့ ကတိပေးပါသမီး"

"သမီးတို့ကိုမထားခဲ့ပါနဲ့အမေ.. အမေမရှိရင်သမီးတို့ဘယ်လိုနေရမှာလဲ" *ငိုနေ*
"မငိုပါနဲ့ကလေးရယ်.. အမေ့ကိုကတိပေးမယ်မလား"
"ဟုတ်ကဲ့ သမီးမေမေကိုကတိပေးပါတယ်"

အမေXieဟာသူမဘေးမှာရပ်နေတဲ့သူ့ယောကျာ်းဘက်ကိုလှည့်ပြီး "Chuangရေ" အဟွတ်အဟွတ်*ချောင်းဆိုးသံ* "ကျွန်မ" အဟွတ်အဟွတ် *​ချောင်းဆိုးသံ*
" ရှူး...ဘာမှမပြောပါနဲ့ ၊ အနားယူပါဦး"
"Chuang..ကျွန်မမှာအချိန်သိပ်မကျန်​တော့ဘူး"
အဖေXieက အ​မေXieရဲ့ပါးစပ်ကို သူ့ရဲ့လက်နဲ့ဖွဖွလေးအုပ်ကာ "အဲ့လိုမပြောပါနဲ့.." သူဟာစတင်မျက်ရည်ဝဲလာခဲ့တယ်။

အမXieလည်းသူမရဲ့ယောကျာ်းကိုပြုံးကာ "ရှင့်ရဲ့ကလေးတွေကိုဂရုစိုက်ပါ ရှင့်ကိုယ်ရှင်လည်းဂရုစိုက်ဖို့မမေ့ပါနဲ့ ကျွန်မရှင့်ကိုအမြဲတမ်းချစ်ပါတယ်" လို့ပြောကာ သူ့ရဲ့ပါးကိုဖွဖွထိရင်း သူမရဲ့မျက်လုံးများတဖြည်းဖြည်းမှိတ်လာပါတော့တယ်။

သူမရဲ့မိခင်အဖြစ်ကိုကြည့်ရင်း သူမကိုနိုးဖို့ကြိုးစားပေမဲ့ သူမဟာလှုပ်ရှားမှုမရှိတော့ပါဘူး။ သူမရဲ့ညီမနဲ့မောင်လေးဖြစ်တဲ့Yurinနဲ့Yufanဟာ ဒီလိုဝမ်းနည်းစရာအဖြစ်ကိုမမြင်မိလို့​ကျေးဇူးတင်နေခဲ့တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက အဖေဟာသူတို့၂ယောက်ကို အဒေါ်အိမ်မှာ​နေခိုင်းထားတာဖြစ်တယ် သူတို့၂ယောက်ဟာအလွန်ငယ်သေးတာကြောင့်ဒီလိုအဖြစ်အပျက်မျိုးကိုမမြင်စေချင်တာကြောင့်ပါ။ Yurinဟာသူ့အဒေါ်အိမ်မသွားချင်တာကြောင့် အဖေကိုပြောပေးဖို့Mingကိုငိုယိုပြီးတောင်းဆိုသော်လည်း သူမဘာမှမတတ်နိုင်ခဲ့ပါ။

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now