[Zawgyi]
သူ့ပုံစံကိုကြည့်ရတာလည်းမစိုးပါဘူး..ကောင်းမွန်တဲ့အိမ်ထောင်ဖက်ဖြစ်မဲ့ပုံစံပဲ ပြီးတော့လည်းချောသေးတယ်..နောက်ပြီးတော့သူက Li Singtan လည်းဖြစ်တယ်...အမ် ငါဘာတွေတွေးနေတာလည်း... "နေပါဦး..ကျွန်မရှင့်နဲ့မလက်ထပ်နိုင်ဘူး" သူမရဲ့အဖြေကိုသိပြီးသားဖြစ်တဲ့Singtanဟာလုံးဝ အံသြခြင်းမရှိခဲ့ပါ။
သူမဆီသို့ချဉ်းကပ်ကာသူမခါးကိုဖက်လိုက်ပြီး "ဒီမှာ မိန်းကလေး ကိုယ့်နဲ့လက်ထပ်ချင်တဲ့ကောင်မလေးတွေဘယ်နယောက်တောင်ရှိမယ်လို့ထင်လဲ? မင်းဘယ်သူ့ကိုငြင်းနေလဲဆိုတာ သေချာပြန်စဉ်းစားပါဦး" အရှေ့ကိုကျနေတဲ့သူမရဲ့ဆံပင်ကိုနားအနောက်သို့သပ်ပေးရင်း "ပိုပြီးအရေကြီးတာကမင်းလက်စားမချေချင်ဘူးလား? မင်းသူတို့ကိုဘာမှပြန်မလုပ်ပဲဒီတိုင်းလွတ်ပေးလိုက်မှာတော့မဟုတ်ပါဘူးနော်? မင်းအဲ့လောက်တော့မရူးပါဘူးနော်":')
"ရှင်...ကျွန်မအဲ့လောက်တော့မရူးပါဘူး":(
"ဟုတ်ပါပြီ..မင်းကရိုးရိုးရူးနေတာမဟုတ်ဘူး မင်းကရူးမိုက်တာပဲ လက်စားမချေပဲကိုယ့်အသက်ကိုစွန့်လွတ်ဖို့လုပ်တဲ့အရူးပဲ"
Xie Mingဟာအလွန်ရှက်သွားခဲ့တာပေါ့။ အံမယ် သူ့ကိုယ်သူဘယ်သူထင်နေလို့ငါ့ကိုများရူးမိုက်တယ်လို့လာပြောနေတာလဲ။ ငါ့ကိုလည်းလက်ထပ်ခွင့်တောင်းသေးတယ် အရူးလို့လည်းပြောတယ်ပေါ့နင်က။"ကျွန်မကိုလွန်ပေး ကျွန်မကိုယ့်ဘာကိုယ်လက်စားချေနိုင်တယ်။ရှင့်အကူအညီမလိုဘူး။ လွတ်..."
ရုတ်တရက် သူမကိုမချီပြီး ရယ်၍ "ဟုတ်ပါပြီ မင်းမှန်ပါတယ်။ စောနက သူ့အသက်ကိုစွန့်လွတ်တော့မဲ့အရူးမလေးက အခု သူ့ဘာသူလက်စားချေဖို့လုပ်နိုင်တယ်ဆိုတာ"
Singtan ရဲ့စကားကြောင့်Xie Mingမျက်နှာတစ်ခုလုံးနီရဲလာပါပြီး "ကျွန်မလုပ်နိုင်တာပေါ့" ဆိုပြီးအော်ပြောပါတော့တယ်။"ဒါဆိုလည်းပြောပါဦး မင်းဘယ်လိုလုပ်မလဲဆိုတာ.. Chenမိသားစုကို မင်းတစ်ယောက်ထဲ ဘယ်လိုလက်စားချေမလဲဆိုတာပြောပါဦး.. Xieမိသားစုက အင်အားရှိတယ်ဆိုပေမဲ့ Chenမိသားစုလောက်တော့မဟုတ်ဘူး။ မင်း သူ့ကို မင်းရဲ့လက်ပိစိလေးနဲ့ သတ်မလို့တော့မဟုတ်ပါဘူးနော်.." Xie Ming သူ့ကိုတွန်းလိုက်ပြီး "ကျွန်မဘာလုပ်သင့်လဲဆိုတာ ကျွန်မသိတယ် ရှင်သိစရာမလိုဘူး.. ကျွန်မကိုတစ်ယောက်တည်းနေခွင့်ပြုပါတော့ Mr.Li"
YOU ARE READING
ထာဝရအတူ (မြန်မာဘာသာပြန်)
RomanceI don't own this story⛔ Credit_to_Author💯 Myanmar Translation🇲🇲 Translate_by_Mochi☃ Zawgyi and Unicode✔