[Zawgyi]
Li singtan ဟာ xiemingအတွက် ထိုင်ခုံကိုဆွဲပေး၍ "လာထိုင်လေ" လို့ပြောလိုက်သည်။ သူ့ရဲ့အပြုအမူကြောင့် xiemingလည်းဘာမှမပြောပဲ ဝင်ထိုင်လိုက်သည်။ သူလည်းသူမဘေးမှာထိုင်၍ အစေခံကို စားစရာတွေယူလာဖို့ပြောလိုက်သည်။ စားစရာများ စားပွဲပေါ်လည်းရောက်ရော သူမကိုချက်ချင်းခူးပေး၍ "မင်းကိုကြည့်ရတာ အရိုးပဲကျန်တော့လို့ များများစားသင့်တယ် ကိုယ့်ကို တစ်ခြားသူတွေက ကိုယ့်မိန်းမကို ဘာမှမကျွေးဘူးလို့ မပြောမခံဘူးနော်"
"ကျွန်မကို အရိုးလို့မခေါ်နဲ့"
Singtan ပြုံး၍ "စားလေ" လို့ပြောလိုက်တယ်။သူတို့တွေစားသောက်နေရင်း ရုတ်တရက် XieMing ဟာ စားတူကို လက်မှချ၍ "ကျွန်မအခုဘယ်ရောက်နေလဲဆိုတာ ဘယ်သူ့ကိုမှမပြောခဲ့လိုက်ဘူး ကျွန်မရဲ့အဖေ ကျွန်မကိုစိတ်ဆိုးနေလောက်ပြီ"
"မင်းစိတ်ပူစရညမလိုပါဘူး ကိုယ်လူတစ်ယောက်ကိုလွတ်ပြီး ဒီအကြောင်းကိုပြောခိုင်းလိုက်ပြီ ဒါပေမဲ့ ကိုယ်တို့်လက်ထပ်တဲ့အကြောင်းတော့ သူမသိသေးဘူး ဒီကိစ္စတော့ မင်းကိုယ်တိုင်ပြောလိုက်ပါ"XieMing ခေါင်းငြိမ့်ပြလိုက်သည်။ သူမဒီအကြောင်းကို သူမအဖေဆီပြောပြလိုက်ရင် သူမအဖေဘယ်လိုပြောမလဲဆိုပြီး စိတ်ပူတာတစ်ကြောင်း ၊ စိတ်လှုပ်ရှားနေတာတစ်ကြောင်း ဖြစ်နေခဲ့တယ်။
သူမကိုရှက်နေတာကို သတိထားမိသွားတဲ့ singtanဟာ သူ့လက်ကိုသူမရဲ့ခေါင်းပေါ်တင်၍ "စိတ်လှုပ်ရှားဖို့မလိုပါဘူး အားလုံးအဆင်ပြေမှာပါ"
သူမလည်း ပြုံး၌ စားတူကို ပြန်ကောက်ယူ၍ ကြက်တောင်ပံကို ယူကာစားဖို့ပြင်နေစဉ် singtanမှ "နေဦး" လို့တားလိုက်သည်။
အိမ်စေကို ခေါ်၍ "ဒီထဲမှ ငရုတ်သီးပါလား"
"ဟုတ်..ဟုတ်ကဲ့"
"ငါပြောထားတယ်လေ မင်းတို့သခင်မလေးက ငရုတ်သီး နဲ့ဓာတ်မတည့်ပါဘူးဆိုမှ ဒီမှာ မင်းတို့အားလုံးကိုပြောလိုက်မယ် ဒီနေ့ကစပြီး ဒီအိမ်မှာ ဘာငရုတ်သီးမှမမြင်ချင်ဘူး မင်းတို့တွေ ဘာလို့ဒီလောက်တောင် ဂရုမစိုက်နိုင်ရတာလဲ" လို့အော်ပြောလိုက်သည်။ထိုအိမ်အစေလည်း လန့်၍ငိုနေခဲ့တယ်။ XieMing လည်းအိမ်အစေဘက်က ကူပြောပေးဖို့ဆုံးဖြတ်လိုက်ပြီး "ရပါပြီ တော်ပါတော့ ရှင်ဒီလောက်ထိသူတို့ကိုအော်ပြောဖို့မလိုပါဘူး သူတို့တွေလည်း လူသားတွေပဲလေ စက်ရုပ်မှမဟုတ်တာ ဘယ်သူမဆို အမှားနဲ့မှမကင်းတာ" လို့ပြောပြီး အစေခံဘက်သို့လှည့်၍ပြုံးပြပြီး "အမလည်းအထဲကိုသွားပါတာ့ ဒီကိစ္စကိုအရမ်းမတွေးပါနဲ့နော်"
သူမဟာသူတို့ရဲ့ သခင်မလေးရဲ့ကြင်နာမှုကြောင့် အလွန်ပျော်ရွင်သွားတာပေါ့။ ဘယ်သူမှသူတို့ သခင်လေးကို ပြန်မပြောဖူးဘူးလို့ပေါ့ သူမလည်း သခင်မလေးပြောတဲ့အတိုင်းလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။
YOU ARE READING
ထာဝရအတူ (မြန်မာဘာသာပြန်)
RomanceI don't own this story⛔ Credit_to_Author💯 Myanmar Translation🇲🇲 Translate_by_Mochi☃ Zawgyi and Unicode✔