Part 15

1.9K 177 6
                                    

[Zawgyi]

Xie Mingတစ်ယောက်ဆိုဖာပေါ်ထိုင်ပြီး ကိုယ့်ကို စိတ်ဖြေဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူအရင်ကဖြစ်ပျက်ခဲ့တာတွေ အမှတ်ရသွားခဲ့တယ်။ သူ့ရဲ့ချစ်ရတဲ့ညီမနဲ့ ချစ်သူ သူမအပ်ါလှည့်စားခဲ့တာတွေ သူမရဲ့ဘဝကို အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ singtanရဲ့ကယ်တင်မှုကိုရရှိခဲ့တွေ ပြန်အမှတ်ရလာခဲ့တယ်။ ငါ ဘယ်လိုလုပ် ကိုယ့်ကို သတ်သေဖို့ဆုံးဖြတ်ခဲ့ရတာလဲ singtanပြောတာမှန်တယ် ငါသူတို့ကို ကလဲ့စားချေရဦးမယ် လွယ်လွယ်နဲ့အရှုံးပေးလို့မဖြစ်ဘူး။

သူကို တကယ်ကျေးဇူးတင်မိတယ် မဟုတ်ရင်ငါ သူတို့ကို ကလဲ့စားချေဖို့တွေးမိမာမဟုတ်ဘူး။ သူမနဖူးကိုပြန်ရိုက်လိုက်ပြီး "အရူးမXie Ming" လို့အော်လိုက်တယ်။

ရုတ်တရက်ကြီး ရေချိုးခန်းတံခါးဟာပွင့်လာတယ်။ singtanဟာလည်း အပေါ်ပိုင်းအကျီမပါဘဲ အောက်ပိုင်းကိုတော့ကိုယ်သုတ်ပဝါနဲ့အုပ်ထားကာ ရေချိုးခန်းမှထွက်လာပါတယ်။

သူ့ကိုဒီလိုပုံစံနဲ့မြင်ရတော့ သူမရဲ့မျက်လုံးကို သူ့ဆီကမခွာနိုင်ဖြစ်ခဲ့တာပေါ့ သူ့ရဲ့ဒီပုံစံကသူ့ကို ပိုပြီးစွဲဆောင်မှုရှိစေတယ်။ သူ့မှာလည်း perfect ဖြစ်လှတဲ့ခန္ဓာကိုယ် လည်းရှိတယ်။ six packsရယ် ကြီးမားလှတဲ့လက်မောင်း တွေကသူ့ကိုsexyကျစေတယ်။

သူရဲ့စိုရွှဲနေတဲ့ဆံပင်ကို ပဝါနဲ့သုတ်နေတဲ့ပုံစံကအစ စွဲဆောင်မှုရှိလွန်းနေတယ်။ ရုတ်တရက်ကြီး သူမနားသို့ကပ်ပြီး "ကိုယ့်ကိုဘယ်ချိန်ထိကြည့်နေမှာလဲ"
"ဟင်... ဟမ် ကျွန်မ ဘယ်မှာကြည့်နေလို့လဲ"
သူမကိုရင်ခွင်ထဲသို့ဆွဲသွင်းပြီး "စောနကလိုလေ ကြိုက်လား"
"အင်း.." တိုးတိုးလေးပြောလိုက်သည်။
ရယ်၍"ဟုတ်ပါပြီ" လို့ပြောပြီး အဝတ်လဲခန်းသို့ဝင်သွားသည်။

ငါ စောန ဘာတွေလုပ်နေတာလဲ ငါသူ့ရဲ့အဲ့ပုံစံကိုကြိုက်တယ်လို့ပြောလိုက်တာလား သေပါပြီ ရှက်လိုက်တာ..
"မင်းလည်း ရေသွားချိုးလိုက်ဦး ခုတော်တော်နောက်ကျနေပြီဆိုတော့ မင်းအဖေဆီဒီနေ့သွားဖို့မဖြစ်နိုင်သေးဘူး မနက်ဖြန်မှသွားကြတာပေါ့" "အော် ပြီးတော့ မင်းရေချိုးပြီးရင် အောက်ဆင်းလာခဲ့ ကိုယ်တို့ညနေစာတူတူစားကြမယ် ကိုယ်မင်းကိုစောင့်နေမယ်"
Singtanထွက်သွားပြီးနောက် xie mingအလွန်ရှက်ပြီး ရေချိုးခန်းထဲ ဝင်သွားပါတော့တယ်။

ထာဝရအတူ (မြန်မာဘာသာပြန်)Where stories live. Discover now