[Zawgyi]
စံအိမ်ကြီးထဲလည်းဝင်သွားရော အသက်အရွယ်အလယ်အလတ်လောက်ရှိတဲ့အမျိုးသားတစ်ဦးကို သူမတွေ့ခဲ့ပါတယ်။ အဲ့လူဟာ Singtanကိုလည်းမြင်ရော ယဉ်ကျေးစွားနှုတ်ဆက်ရင်း "သခင်လေး ဒီအမျိုးသမီးက..."
သူ့ရဲ့လက်ကိုသူမပုခုံးပေါ်တင်ပြီး "ဒါက မင်းတို့ရဲ့ သခင်မလေးပဲ" တဖန် Xie Mingဘက်သို့လှည့်ပြီး "သူက ဘဏ္ဍာစိုးChang မင်းတစ်ခုခုလိုအပ်တာရှိရင် သူ့ကိုပြောလို့ရတယ်"
"ဟုတ်"
ဘဏ္ဍာစိုးchangဟာ လုံးဝအံ့အားသင့်သွားခဲ့တယ်။ သူ့ရဲ့သခင်လေးကမိန်းကလေးတွေကို အိမ်ခေါ်လာတာတစ်ခါမှ မမြင်ဖူးလို့ပဲ.. သခင်လေးက သူ့ဆီချဉ်းကပ်တဲ့မိန်းမတွေကို သူအရမ်းမုန်းခဲ့တာ အခုတော့ မိန်းမတစ်ယောက်ကို အိမ်ခေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။"ဘဏ္ဍာစိုးchangကမင်းကို အခန်းလိုက်ပြလိမ့်မယ်။ ကိုယ့်မှာမပြီးသေးတဲ့အလုပ်တွေရှိသေးလို့ သွားလုပ်လိုက်ဦးမယ်။ အော်..ဒါနဲ့ မင်းရဲ့အဖေနဲ့သွားတွေ့ဖို့အစဉ်သင့်လုပ်ထားပါ။" သူ မသွားခင် သူမရဲ့ဆံပင်လေးကို သပ်ပေးလိုက်ပါသေးတယ်။
"ဒီဘက်ကိုကြွပါ သခင်မလေး ကျွန်တော် စံအိမ်ကိုလိုက်ပြပါမယ်။"
...
ပန်းဥယျာဉ်တွင်ဥယျာဉ်ထဲက ပန်းတွေဟာ အလွန်လှပပြီး ရနံ့တွေလည်းသင့်ကြိုင်နေတာကို သူမ သတိထားမိခဲ့ပါတယ်။
"ဒီဥယျာဉ်ရဲ့ အကောင်းဆုံး အထူးစပယ်ရှယ်အဖြစ်ဆုံးအပိုင်းကတော့ ဒီနေကြာပန်းခင်းပဲဖစ်ပါတယ်။ သခင်လေးက အထူးကျွမ်းကျင်တဲ့သူတွေကိုခေါ်ပြီး နေကြာပန်းကို စိုက်ပျိုးထားတာပါ။ ပိုပြီးထူးဆန်းတာက သခင်လေး ငယ်ငယ္က နေကြာပန်းကို လုံးဝမကြိုက်ခဲ့ပါဘူး။ လွန်ခဲ့တဲ့၃နှစ်လောက်က နိုင်ငံခြားကနေပြန်လာပြီးကတည်းက နေကြာပန်းကိုအတော်လေး သေဘာကျခဲ့တာပါ။"
သူမလည်းထူးဆန်းတယ်လို့ထင်ခဲ့ပြီး တိုးတိုးလေးပြောလိုက်ပါတယ်"နေကြာပန်းက ကျွန်မအကြိုက်ဆုံးပန်းပဲ"
"ဒါနဲ့ အခုကျွန်တော် နားလည်သွားပါပြီ သခင်လေးဘာလို့ဒီလိုတွေလုပ်နေလဲဆိုတာ သူသခင်မလေးကို အရမ်းချစ်လို့ပဲ"
Xie Mingလည်း ကြောင်သွားခဲ့ပြီး ပြန်ပြုံးပြလိုက်ပါတယ်။
YOU ARE READING
ထာဝရအတူ (မြန်မာဘာသာပြန်)
RomanceI don't own this story⛔ Credit_to_Author💯 Myanmar Translation🇲🇲 Translate_by_Mochi☃ Zawgyi and Unicode✔