မိတ်ဆက်

29.2K 1.8K 284
                                    

Zawgyi

တကျားဟောင်

အားလုံးပဲ မင်္ဂလာပါ။

ကျွန်တော်ကတော့ ဝေ့ရင်းပါ။ ကလောင်နာမည်ကတော့ အမှောင်လောကရဲ့ ရိလင်းအရှင်သခင်ကြီးပါ။ အသက် ၁၈ နဲ့ ပညာအရည်အချင်းက အထက်တန်းနောက်ဆုံးနှစ်ပါ။

နောက်နှစ်ဆို ကျွန်တော့် ကျောင်းပညာရေးပြီးဆုံးပြီဆိုတော့ ကျွန်တော့်အိပ်မက်အတွက် ကြိုတင်ပြင်ဆင်ရမယ့် အချိန်ပါပဲ။ ကျွန်တော် ဖြစ်ချင်တာကတော့ နိုဗယ်ဆုရ စာရေးဆရာပါ။ ကျွန်တော့်ရဲ့ ငယ်ဘဝစိတ်ကူးဟာ စာရေးဆရာကြီး ဖြစ်ဖို့ပါ။ အဲ့ဒီအတွက် ကျောင်းမှာ နံရံကပ်စာစောင်တွေမှာ ကျွန်တော့်စာမူတွေအများကြီး အများကြီး ပို့ဖူးပါတယ်။

တစောင်တလေမှ အရွေးမခံရတာကလွဲလို့ပေါ့လေ။

ဒါပေမယ့် ကျွန်တော် လက်မလျော့ပါဘူး။ ကျွန်တော့ဘာသာ ရေးပြီး နို့တစ်ဘုတ်မှာ ကပ်ပါတယ်။ တချို့က ကြိုက်လွန်းလို့ထင်တယ် ခွာယူသွားကြတယ်။ မနက်ကပ်ရင် ညနေဆိုမရှိတော့ဘူး။ ကျွန်တော့် ဓာတ်ပုံနဲ့ တွဲကပ်ရင် ငါးမိနစ်ဆို မရှိတော့ပါဘူး။ ဟိ. .ဟိ. .

အာ. . သိပါတယ်. . ကျွန်တော်စကားများတယ်ဆိုတာ သိတယ်။ ဒါပေမယ့် ခဏလေး သည်းခံဖတ်ပေးပါ။ အရေးကြီးလို့။ ခင်ဗျားတို့အတွက် အရေးမကြီးပေမယ့် ကျွန်တော့်အတွက် အရေးကြီးလို့ပါ။

ကျွန်တော့်ရဲ့ စာပေရေးသားတဲ့အစွမ်းကိုယုံကြည်တဲ့ တန်းခွဲ ၂ က လန်ကျန့်ဆိုတဲ့တစ်ယောက်က ဆက်သွယ်လာပါတယ်။ လန်ကျန့်လေ ကျောင်းကလူတွေသိမှာပါ။ ရေခဲရိုက်ထားတဲ့မျက်နှာနဲ့ အနေသလိုလုံးဝစကားမပြောပဲ ဘဝင်ကိုင်တဲ့တစ်ယောက်လေ။ အဲ. .   တည်ကြည်တယ်ပြောတာပါ။ (သူ့ဖန်တွေကိုက ကြောက်ရသေးတယ်)

သူက ကျွန်တော့်ဝတ္ထုကို စာအုပ်ထုတ်ပေးမယ်တဲ့။ သူ့အဖေက China Media ရဲ့ CEO လေ။ သူက အဲ့ကအခွဲ Yún Shēn Bùzhī Chù စာပေထုတ်ဝေ ဖြန့်ချိရေးမှာ ဒါရိုက်တာတဲ့။ ကျောင်းကလူတွေတော့သိကြတယ်မလား။ China Forbes မဂ္ဂဇင်းရဲ့ အသက်၂၀အောက် အောင်မြင်သူ အယောက် ၂၀တို့ ဘာတို့ထဲပါတဲ့တစ်ယောက်လေ။

နို့နံ့တောင် မစင်သေးခင် အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်​ယောက်ရဲ့​နောက်ကွယ်မှာ သောက်ကျိုးနဲချမ်းသာတဲ့ မိဘရှိရမယ်တို့ ဘာတို့ပေါ့။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficDonde viven las historias. Descúbrelo ahora