Zawgyi
ငါအခု ဆေးရုံပေါ်မှာ. .
လန်ကျန့်. .လန်ကျန့် မင်းသိပ်ရက်စက်တယ်။
မင်းတို့တွေရဲ့ ချစ်လှစွာသော လန်ကောကောကြောင့် အခုငါဆေးရုံကုတင်ပေါ်မှာ ကွေးကွေးလေး။
ဆရာဝန်က ပြောတာတော့ အဆီနဲ့
အစပ်တွေရယ် အသားမကျက်တာတွေရယ် စားတာ အရမ်းများလို့ အူယောင်သွားတာတဲ့။လန်ကျန့်ခေါ်သွားတဲ့ ချုံကျင်းဟော့ပေါ့ဆိုင်က အသေကောင်းတာသိလား။ စပ်ပြဲလန်နေတာပဲ။ ငါကလဲ ဖရီးကျိတ်ရတာဆိုတော့ လန်ကျန့်ကို မှတ်လောက်သားလောက်အောင်စားမယ်ဆိုပြီး စားလိုက်တာ။ ညကျတန်းပြီးဆေးရုံရောက်တာပဲ။ လန်ကျန့် မင်းသာ ငါ့ကိုစိတ်ဆိုးအောင် မလုပ်ရင် ငါက အဲ့လိုစားစရာအကြောင်းမရှိဘူး သိလား။ အခုမှ ငါ့ဘေးမှာ ငုတ်တုတ်လေးလာထိုင်ပြီး စိတ်ပူပြမနေနဲ့။
ငါသေရင် မင်းအတွက် နိုဗယ်ဆုရမယ့်စာအုပ်ကို ထုတ်ဝေဖို့ ဒီတစ်သက်အခွင့်အရေးထပ်ရမှာမဟုတ်တော့ဘူး။ မင်းအခုမှနောငိတမရနဲ့။ ငါ့ကို စားပါ စားပါနဲ့ မတရားတွေ တွန်းကျွေးတာ မင်း. . မင်း. .
ဗိုက်နာတယ်. . အား. . .
လန်ကျန့်ရာ မင်းက ဒါတောင် ငါ့ဘေးမှာ ငုတ်တုတ်ကြီး ဘာထိုင်လုပ်နေတာလဲ။ ဖန်ဖစ် အပိုင်းသစ်လိုချင်လို့လား။ တကယ်ပါပဲ။
လန်ကျန့်က ငါနေမကောင်းရင်နားပါတဲ့ ပြောပါတယ်။ ဒါပေမယ့် မင်းတို့ကို ငါက စောင့်မနေစေချင်ဘူး။ ပြီးတော့ ငါ ကုတင်ပေါ်မှာ ပက်လက်ကြီးလှဲနေရတာပျင်းတယ်။ ငါက ပါးစပ်ကပြောမယ်ဆို လန်ကျန့်က စာရိုက်ပေးမယ်တဲ့၊ အဲ့ဒါ အခု လန်ကျန့်ရိုက်ပေးထားတဲ့ စာလုံးတွေ မင်းတို့ဖတ်ရမှာ..ဟိဟိ
လန်ကျန့် ငါ့ကိုမျက်စောင်းကြီးထိုးပြီးကြည့်မနေနဲ့။ ငါပြောတာသာ ရေးစမ်းပါ. .
-------------–----------------------------------------
"အချစ်ဝင်္ကပါထဲမှာ ချာချာလည်" (အပိုင်း- ၈)
ရှောင်းကျန့်အတွက် ထောက်လှမ်းစရာ အရာကားနှစ်ခုရှိသည်။ ပထမက သူ့မိဘတွေကို သတ်သွားတဲ့လူအကြောင်း။ ဒုတိယက ဝမ်ရိပေါ်။
ESTÁS LEYENDO
တစ်သက်လုံးမှာ အဂေါ်ဆုံး Fanfic
Fanfic"နိုဗယ်ဆုကို BL fanfic ဖြင့်အရယူမည်" ဝေ့ရင်း (ကလောင်အမည်- အမှောင်လောကရဲ့ရိလင်း အရှင်သခင်ကြီး) Zawgyi + Unicode