လန်ကျန့် အကြွေးပေးပါ

3.7K 690 135
                                        

Zawgyi

ဘာကြောင့်လဲ?

ဒီကမ္ဘာမှာ ပန်းတွေအကုန်ကြွေကြတယ်

ဘာအတွက်လဲ?

ဒီကမ္ဘာမှာ လူတွေအကုန်သေကြတယ်

ပြောစမ်းပါဦးဟေ့ ငါ့အလှည့်က ဘယ်တော့လဲ။

ငါသေချင်တယ်။ လောကကြီးက အဓိပ္ပါယ်မရှိသလိုပဲ။ ကံကြမ္မာဆိုတာကြီးက ငါ့ကိုအလဲထိုးဖို့ပဲ ကြံနေတယ်။ ငါ့ကိုဘယ်သူမှနားလည်မပေးကြဘူး။ ငါရင်ဖွင့်တာကို ငါ့သူငယ်ချင်းတွေက ကိုယ်ချင်းမစာကြဘူး။ ငါက အီမိုကောင်ဇိုးလေးတဲ့။ သူငယ်ချင်းအချင်းချင်း မေလိကိုတိုက်ခိုက်တယ်တဲ့။

ငါ့ဖန်ဖစ်ထဲက ဇာတ်ကောင်နဲ့ သူနဲ့နာမည်တူသွားတာ ဘယ်တတ်နိုင်မှာလဲ။ ဖန်ဖစ်ကို ဖန်ဖစ်လိုပဲ ဖတ်ကြပါလားကွာ။

မင်းတို့တွေ အဲ့လိုဝိုင်းပြောရင် ငါတကယ် ဝမ်းနည်းတယ်။ ဒီ ဖန်ဖစ်ကို အဆုံးထိရေးပြီးရင် အန်ပတ်ဘလစ်ရှ်လိုက်တော့မယ်။ မင်းတို့တွေပျော်လိုက်ကြပါတော့။ မင်းတို့တွေ ကျေနပ်လိုက်ကြပါတော့။

လန်ကျန့်.  .မင်းရောပဲ.  . ပျော်ရွှင်နေလိုက်ပါတော့။ ငါ့မျက်ရည်တွေကို ဥပေက္ခာပြုလိုက်ကြပါတော့။ ဒီကမ္ဘာပေါ်မှာ ငါမရှိသလို သဘောထားလိုက်ပါတော့။

နိုဗယ်ဆုကို ဖန်ဖစ်နဲ့အရယူချင်တဲ့ ငါ့အိပ်မက်သေးသေးလေးဟာ မင်းတို့တွေကို ဘာများထိခိုက်စေလို့လဲကွာ။

ငါ့ AN တွေကိုလဲ မဖတ်ကြပါနဲ့တော့၊

ငါ့ရဲ့ ဒါဒါလေးတွေကို တန်းလန်း တန်းလန်းနဲ့မထားရက်လို့ ဖန်ဖစ်ကိုပဲ မြန်မြန်ဇာတ်သိမ်းအောင်ရေးပြီး ငါရပ်တန့်လိုက်ပါ့မယ်။

------------------------------------

"အချစ်ဝင်္ကပါထဲမှာ ချာချာလည်" (အပိုင်း ၁၄)

"အိမ်ရှေ့စံအနေနဲ့ တောလိုက်ထွက်ရမယ်"

မင်းကြီးဆီက ချမှတ်လာတဲ့အမိန့်ကြောင့် ရိပေါ် အံ့သြွားသည်။ တောလိုက်တဲ့အခမ်းအနားကိုဖျက်သိမ်းဖို့ သူတို့သဘောတူညီချက်ယူထားပြီးသားကနေ ရုတ်တရက်ဆို ဘာလို့များအခြေအနေက ပြောင်းသွားရတာလဲ။ သူ့ဖခမည်းတော်က သူ့ကိုကြည့်မနေပဲ အမိန့်ချပြီးတာနဲ့ ညီလာခံကိုရုပ်သိမ်းပြီး အတွင်းဆောင်ထံချက်ချင်းဆိုသလိုပြန်ကြွသွားသည်။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficМесто, где живут истории. Откройте их для себя