နိုဗယ်ဆုတော့ ခွဲမပေးဘူး

8.7K 1.3K 264
                                    

Zawgyi

ငါမရေးတော့ဘူးတော်ပြီ။

လန်ကျန့်က ငါ့ကို ဆီလိုအပေါက်ရှာပြီး ပြဿ     နာရှာနေတယ်။ အခုမှငါ့ရဲ့ ပရိသတ်အင်အားကိုသိပြီး စာအုပ်ထုတ်ပေးဖို့ တုန်လှုပ်နေတာလား။

ငါ့ကိုများရာရာစစစွပ်စွဲတယ်။ ချက်ချင်းကြီးအရေးအသားပြောင်းသွားတာ သူများကိုရေးခိုင်းတာလားတဲ့။ ငါ့သူငယ်ချင်းကောင်မလေးတွေ ကူရေးနေတာလား။ အဲ့လိုဆိုမရဘူးတဲ့။

ပြီးတဲ့အခါကျ စာလုံးပေါင်းမှားတယ်။ ငါက ဒါလေးတောင်မတတ်ဘူးလားတဲ့။

သူတစ်ယောက်ထဲကို ယိဖြစ်လိုက် မှိုဖြစ်လိုက်နဲ့။ အရေးအသားကောင်းသွားရင်ကျ ငါမဟုတ်ဘူး။ စာလုံးပေါင်းမှားသွားရင်ကျ ချက်ချင်း ငါရေးတာဖြစ်သွားတယ်ပေါ့လေ။ ဘောကောင်. . ယအုကောင်။

ငါလဲ စာလုံးပေါင်းတွေစစ်နေတာပဲ။ စန်းဒယားဆိုတာကြီးငါမှမပေါင်းတတ်တာ။ အဲ့လိုကျ ဘာပြောတယ်မှတ်လဲ သူကူစစ်ပေးမယ်။ ငါရေးပြီး သူ့ဆီပို့တဲ့။ အဲ့လိုကျ သူက ထုတ်ဝေသူလား စာရေးသူလား။ ငါနိုဗယ်ဆုရနေရင် သူကရော တဝက်ပိုင်တော့မှာလား။

ငါ့စာအရေးအသားက ကလေးကလား စကားပြောတာတွေရှေ့မှာ နာမည်တွေထည့်တယ်တဲ့။ အဲ့လိုမထည့်ရင် ဘယ်သူပြောလဲ ဘယ်လိုလုပ်သိမှာလဲဆိုတော့ ငါ့ကို စာနာနာဖတ်ဆိုပြီး နောက်ထပ် fanfic link တွေထပ်ပို့တယ်။ ငါ့မှာလဲ နေ့နေ့ညည အဲ့ဒါတွေဖတ်နေရတာ။ အထီးနှစ်ယောက်ကြား ဘယ်လိုများ ဖီလင်တွေပေါက်ဖွားလဲ တွေးရတာနဲ့ ဂေးတော့မယ်။ မင်းတို့သိရဲ့လား။

မသိဘူးတော့ဘူး။ ငါတကယ် ဒေါသထွက်တာ အဲ့ကောင်ကို။ ငါ့ခြေတွေ လက်တွေကောက်ကွေးနေအောင် မနည်းဖျစ်ညှစ်ပြီးရေးထားတဲ့ အာဘွားပေးခန်းကိုကျ တစ်ခွန်းလေးတောင် မချီးကျူးဘူး။ စိတ်ဆိုးဒယ်။

ငါ့ကိုစာအုပ်ထုတ်မပေးချင်လို့ စာမရေးချင်တော့အောင် အပြစ်မရှိအပြစ်ရှာနေတာ။ ကြည့်နေ။ ဒီစာအုပ်ထွက်ပြီးလို့ ငါအရမ်းနာမည်ကြီးသွားတဲ့အချိန်ကျမှ ငါ့ကိုခြေသလုံးဖက်ပြီး ဝေ့ကောကောလေးရယ် နောက်တစ်အုပ်ထပ်ရေးပေးပါ လာပြောကြည့် အင့်. . အီးရှူလိုက်ဆိုပြီး မျက်ခွက်တည့်တည့် အီးနဲ့ပေါက်ပစ်မယ်။

တစ်သက်လုံးမှာ အဂေါ်ဆုံး FanficTempat cerita menjadi hidup. Temukan sekarang