Zawgyi
Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.
မင်းတို့တွေ့လား။ ဒါ လန်ကျန့် ငါ့ကိုပို့တဲ့ မတ်ဆေ့ခ်ျ။ ငါ့ကိုဆဲတယ်။ ငါရေးထားတာကို လိတွေရေးနေတာလားတဲ့။ သူက ငါ့ကို ဘာရေးလို့ပြောလို့လဲ။ ပြောတော့ဖြင့် ဘာရေးရေးဆို။
ရိလင်းသခင်ကြီးပုံ ပရိုဖိုင်းထားပြီး ငါ့ကိုဆဲနေတဲ့ကောင်ဇိုးလေးကို ငါကလဲ ဖုန်းဆက်ပြီးပြန်ဆဲချင်တာပေါ့။ ဒါပေမယ့်သူက ထုတ်ဝေသူဖြစ်မယ့်သူလေ။ ငါ့ဒေါသကိုထိန်းထားရတယ်။ (လန်ကျန့် မင်းငါ့ဖန်ဖစ်ကို လာခိုးဖတ်နေရင် မင်းကိုငါ ဘယ်လောက်သီးခံလဲ တွေ့လား။ အဲ့ဒါကြောင့် Vote လေးတော့ပေးခဲ့ပါ။)
ပြီးတော့ မင်းတို့သိလား သူက ငါ့ကို BL ဖန်ဖစ် link တွေအများကြီးလာပို့တယ်။ ငါ့ကို သူများဘယ်လိုရေးလဲ ကြည့်။ ဖတ်ပြီးအတုယူတဲ့။ ငါမှအရင်က ဒါမျိုးတွေ မဖတ်ဖူးတာ။ ဘယ်သိမှာလဲ။ သူက ဖတ်ဖူးနေတာလား။ စဉ်းစားစရာပဲ။
မနေ့က ငါတင်ထားတာကို ကောင်းတယ်ပြောတဲ့သူ Vote ပေးတဲ့သူတွေကိုမှ အားမနာ ငါ့ဟာကို ရက်ရက်စက်စက်ပြောတဲ့ လန်ကျန့်။ ကြည့်နေပါ စပယ်ရှယ်ကိုရေးပြမယ်။
ဒါနဲ့ မင်းတို့ BL ဖန်ဖစ်ဆိုတာကြီးကလည်း ဇာတ်လမ်းတွေက အထူးအဆန်းကြီးတွေအရှည်ကြီးတွေပဲ။ ငါအခု တစ်ပုဒ်ပဲ ဖတ်ရသေးတယ်။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် မင်းသားနှစ်ယောက် စပယ်ရှယ် ဂျိမ်းကြတာလေ။ ရေးတာ ယောကျာ်းလေးလား မိန်းကလေးလား။ ငါကြက်သီးများတောင်ထမိတယ်။ (ကွက်ကွက်ကွင်းကွင်းနဲ့ ပီပြင်လွန်းလို့ပါ။ တချို့အကွက်တွေဆို ငါတောင်မစဉ်းစားမိဘူး။ တကယ်)
BL ဖန်ဖစ်ရေးရတာ အဲ့လောက်ခက်ခဲပြီး ပညာပါလိမ့်မယ်ဆိုတာ ငါမသိခဲ့ဘူး။ ငါ့သူငယ်ချင်းကောင်မလေးတွေကပြောတော့ ဖန်ဖစ်ဆိုတယ အပြင်မှာ မညားနိုင်တဲ့ နှစ်ကောင်ကို စိတ်ကူးနဲ့အမျိုးစုံပေးစားတာမို့ အဲ့ဒီနှစ်ယောက် အခန်းတိုင်းပါနေရင်ပြီးတာပဲတဲ့။ ဒါပေမယ့် သူတို့ပြောတဲ့ အခန်းတိုင်းပါတယ်ဆိုတာ papapapa ဆိုတာ ငါမသိခဲ့လိုက်ဘူး။ အဲ့ဒီတော့ ငါဘယ်လိုလုပ်ရမလဲ။ ဝတ္ထုအသစ်ပဲပြောင်းရေးရမလား။ papapapa တွေအတွက်ပဲ ဖန်ဖစ်တွေဆက်ဖတ်ပြီး သစ်ပင်စိုက်တဲ့ ဝက်ဆိုက်မှာ လေ့လာရမလား။
VOCÊ ESTÁ LENDO
တစ်သက်လုံးမှာ အဂေါ်ဆုံး Fanfic
Fanfic"နိုဗယ်ဆုကို BL fanfic ဖြင့်အရယူမည်" ဝေ့ရင်း (ကလောင်အမည်- အမှောင်လောကရဲ့ရိလင်း အရှင်သခင်ကြီး) Zawgyi + Unicode
